Mytel တာဝါတိုင်

October 13, 2021

ပြည်မြို့က Mytel တာဝါတိုင်နှစ်တိုင် ဖောက်ခွဲခံရ၊ လာစစ်ဆေးသည်ကား ဗုံးဖြင့်ထပ်ပစ်ခံရ

ပဲခူးတိုင်း ပြည်​မြို့  နဝင်းရပ်ကွက် ရတနာလမ်းအတွင်းမှာရှိတဲ့ Mytel ​တာဝါတိုင်နှစ်တိုင်  အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ဖောက်ခွဲခံရပြီးနောက် တာဝါတိုင်ကို လာကြည့်တဲ့ကားပါ လက်လုပ်ဗုံးနဲ့အပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

ဒေသခံတစ်ဦးက “တာဝါတိုင်ကွဲတာ အသံတော်တော်ကျယ်တယ်၊ အိမ်တွေတောင်တုန်တယ်။ တာဝါတိုင်က ဘာမှကို လုပ်မရတော့ဘူး။ ခုထိ Mytel လိုင်းတွေလည်း မရတော့ဘူး" လို့ ပြောပါတယ်။

Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် မနက် ၈ နာရီဝန်းကျင်လောက်မှာ လာရောက်စစ်ဆေးတဲ့ စစ်သားတွေလိုက်ပါလာတဲ့ အန်စာတုံးကားတစီး လက်ပစ်ဗုံးနဲ့ ထပ်မံအပစ်ခံရတယ်လို့ ဒေသခံက ဆိုပါတယ်။

“လက်လုပ်ဗုံးနဲ့ပစ်တာက လူမထိသွားဘူး၊ ကားဘော်ဒီကိုပဲ ထိသွားတယ်၊ လူကတော့ ဘာမှဖြစ်သံမကြားဘူး။” 

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မနက်ခင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နှစ်တိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ဒီညနေအထိ ပြည်မြို့မှာ Mytel အင်တာနက် သုံးမရသေးဘူးလို့ သိရပါတယ်။

2 days Ago

ကန်ကြီးထောင့်မြို့နယ်က စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ရှမ်းရွာတံတားအဆင်း အညာစုရွာထိပ်မှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ည ၇ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။

“စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ အရာတွေကို မိုင်းခွဲဖျက်ဆီးတာပါ။ ရှေ့ဆက်လည်း ဆက်လုပ်သွားမှာပါ။ ခုမိုင်းခွဲတာကိုတော့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ဧရိယာ ၁၄ အဖွဲ့ပေါင်းလုပ်တာပါ” လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးတာကို ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်သားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရတာ ၆ ကြိမ်ထိ ရှိလာပြီလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

3 days Ago

October 9, 2021

မိတ္ထီလာတွင် မြို့နယ်လျှပ်စစ်ရုံးနှင့် Mytel တာဝါတိုင် ဗုံးပစ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ရန်မျိုးအောင်ရပ်ကွက်ရှိ စစ်တပ်ပိုင်  Mytel တာဝါတိုင်ကို လောင်စာဆီပါတဲ့ မီးပုလင်းနဲ့ ဗုံးပစ်ခဲ့ရသလို မြို့မ (၄)၊ ဆိုင်းတန်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးကို အသံဗုံးနဲ့ အပစ်ခံခဲ့ရပေမဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “မနက်ပိုင်းက Mytel တာဝါတိုင်ကို မီးပုလင်းနဲ့ လက်ပစ်ဗုံး အပစ်ခံရတယ်။ မီးပုလင်းကြောင့် မီးလောင်တယ်။ ဗုံးကတော့ မကွဲဘူး။ တာဝါတိုင်က ပျက်စီးတာ မတွေ့ရဘူး။ လျှပ်စစ်ရုံးကို အသံဗုံး ပစ်တာလည်း ထိခိုက်မှုမရှိဘူး”လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ဒီကနေ့ မနက်အစောပိုင်းမှာတော့  မိတ္ထီလာကန်ဘောင်တံတားမှာ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” ဆိုတဲ့ စာသားပါ စာရွက်တွေ ဖြန့်ချထားပြီး ဆိုင်းဘုတ်ချိတ်ဆွဲထားပါတယ်။

7 days Ago
More News
Up