MMA ဖိုက်တာ

March 7, 2019

အောင်လနှင့်အတူ လေ့ကျင့်နေသည့် မြန်မာအမျိုးသမီး MMA ဖိုက်တာ (ရုပ်သံ)

စပါးကြီးမြွေ အောင်လအန်ဆန်း နဲ့ လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီး MMAဖိုက်တာ ဘိုဇီနာ အန်တိုနီယာဟာ လာမယ့်မတ် ၈ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံမှာ ကျင်းပမယ့် Regin of Valor ပြိုင်ပွဲမှာ မလေးရှားနိုင်ငံသူ အော်ဒရေ လော်ရာဘော်နီဖေစ့်နဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။ အန်တိုနီယာဟာ သူမရဲ့ ပထမဆုံးပွဲစဉ်မှာ ပြိုင်ဘက်ကို စက္ကန့်ပိုင်းနဲ့အနိုင်ယူပြီး One Championship သမိုင်းတလျှောက် အမြန်ဆုံး အလဲထိုးအနိုင်ရရှိသူတဦးအဖြစ် စံချိန်တင်ထားပါတယ်။ ဒုတိယပွဲစဉ်အဖြစ် ထိုင်းနိုင်ငံမှာ ထိုးသတ်တဲ့ ပွဲစဉ်မှာတော့ ထိုင်းနိုင်ငံသူ ရီကာအစ်ရှီဂီကို ပထမအချီမှာပဲ အလဲထိုးရှုံးနိမ့်ခဲ့ပါတယ်။ ရုပ်သံ - ဘိုဇီနာ အန်တိုနီယာ
2 years Ago

October 8, 2018

ပရိသတ်အတွက် အကောင်းဆုံး ပြန်ကြိုးစားမည်ဟု MMA ဖိုက်တာ အန်တိုနီယာ ပြော

ပေါ့ဆမှုတခုကြောင့် ရှုံးနိမ့်သွားခဲ့ပေမယ့် အလွန်အမင်း မျှော်လင့်ခဲ့ကြတဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ပြန်လည်ကြိုးစားပေးသွားမယ်လို့ မြန်မာ ကိုယ်စားပြု MMA ဖိုက်တာ ကယန်းတိုင်းရင်းသူ ဘိုဇီနာ အန်တိုနီယာက ပြောပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ One Championships:Kingdom Of Heros ပွဲမှာ ထိုင်းနိုင်ငံသူ ရီကာ အစ်ရှီဂီကို ပထမအချီမှာ အလဲထိုးရှုံးနိမ့်ခဲ့တဲ့ အန်တိုနီယာဟာ ပွဲမှာ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သတ်လို့ ပြောတာပါ။ အန်တိုနီယာဟာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဖြစ်ပေမယ့် MMA ပြိုင်ပွဲမှာတော့ အတွေ့အကြုံနုသေးတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် အချိန်မှာတော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရအောင် ကြိုးစားလေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။ မြန်မာပရိသတ်တွေအတွက် နောက်ထပ်မျှော်လင့်နေတဲ့ ပွဲတပွဲဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲဟာလည်း အောက်တိုဘာလ ၂၆ ရက်နေ့ ရန်ကုန်သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပသွားဖို့ရှိနေပါတယ်။
3 years Ago
Up