MDY-PDF

September 26, 2021

မန္တလေးမြို့တွင် ကွက်စိပ်မှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်း ရပ်ကွက်၊ ၁၅ လမ်း ၊ ၈၈ လမ်း နဲ့ ၈၉ လမ်းကြားမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၅၀ ကျော်အရွယ် မင်းတဲအီကင်းရပ်ကွက်၊ အကွက်မှူး ဦးဌေးဝင်းဟာ အိမ်ရှေ့က ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းနေချိန် ဆိုင်ကယ်စီး လူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုကြပါတယ်။

“အကွက် ၈၉ က အကွက်မှူး ပစ်ခံရတာ။ သူက သံဖြူလုပ်တာ။ ပစ်သွားတာ ဆိုင်ကယ်နဲ့ လာတဲ့ အမျိုးသမီးဆိုပြီး ပြောသံကြားတယ်။ ပစ်ခံရတဲ့ အကွက်မှူးက မသေဘူးတဲ့” လို့ အောင်မြေသာစံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့ ဦးဌေးဝင်းဟာ လည်ပင်း ကျည်မှန်ခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားကာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

အကွက်မှူး ဦးဌေးဝင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ သူတို့အဖွဲ့ဖြစ်ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း မန္တလေးမြို့ ၅၄ နဲ့ ၅၅ လမ်းထောင့် ၁၁၅ F လမ်းက ကွက်စိတ်မှူး ဒလန် သက်ကိုနဲ့  စက်တင်ဘာ ၂၄ ရက်က ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၁၂၆ နဲ့ ၁၂၇ ကြား ၅၅ လမ်းပေါ်ရှိ သတင်းပေးဒလန် သိန်းထွန်းတို့လည်း သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

2 months Ago

June 23, 2021

ကျဆုံး MDY-PDF ညီအစ်ကိုများအတွက် လက်တုံ့ပြန်မည်ဟု PDF သုံးဖွဲ့ ပူးတွဲကြေညာ

ကျဆုံးသွားတဲ့ MDY-PDF တပ်ဖွဲ့ဝင် ညီအစ်ကိုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (မကွေး)၊ (ပဲခူး) နဲ့ (ရန်ကုန်)တို့ ပူးပေါင်း ကြေညာချက်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (Yangon)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပဲခူး)၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး) တို့ရဲ့ သဘောတူညီချက်တွေကို ဇွန်လ ၂၂ ရက်နေ့ ရက်စွဲ့နဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဇွန်လ ၂၂ ရက်နေ့မှာ ကျဆုံးခဲ့ရတဲ့ MDY-PDF အဖွဲ့က ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း နဲ့ ရဲဘော်ရဲဘက် ညီအကိုတွေရဲ့ ပေးဆပ်မှုအတွက်ဂုဏ်ယူမိပြီး ရဲဘော်ရဲဘက် ညီအကိုတွေအတွက် ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့ PDF တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်ပွားပါက PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှူတွေကို Facebook ပေါ်ကို Live လွှင့်တာ၊ Post တင်တာ မပြုလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

မြို့တွင်းပြောက်ကျားစနစ် (သို့မဟုတ်) စစ်ကောင်စီတပ်​တွေနဲ့ မြို့နယ်၊ တိုင်းတစ်ခုခုက PDFအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါက ကျန်ရှိနေတဲ့ မြို့နယ်နဲ့ တိုင်းတွေက PDF အဖွဲ့ တွေကလည်း သက်ဆိုင်ရာ မြို့နယ်၊တိုင်းအလိုက် ဝိုင်းဝန်းတိုက်ခိုက်ဖို့ အစည်းအဝေးဆုံးဖြတ်ချက်ကို ပူးတွဲ သဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။

6 months Ago
Up