Mariah Carey

December 4, 2020

၁၀နှစ်အကြာက သီချင်းကို ပြန်ဆန်းသစ်ထားသည့် ခရစ္စမတ်တေးဘုရင်မ Mariah Carey သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ခရစ္စမတ်တေးသီချင်းဘုရင်မလို့ တင်စားကြရတဲ့ နာမည်ကြီးအဆိုတော် Mariah Carey ရဲ့ ပြန်လည်ဆန်းသစ်သီဆိုထားတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။ 'Oh Santa!'လို့ အမည်ပေးထားတဲ့ ဒီသီချင်းထဲမှာတော့ Mariah Carey နဲ့အတူ နာမည်ကျော် အမျိုးသမီးအဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ Ariana Grande နဲ့ Jennifer Hudson တို့က Featuring အနေနဲ့ ပါဝင်သီဆိုပေးထားခဲ့ကြတာဖြစ်ပြီး ယူကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ သိန်းနဲ့ချီရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Mariah Carey က သူ့ရဲ့ ၂၀၁၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ Merry Christmas II You (2010) တေးအယ်လ်ဘမ်ထဲမှာ  သီဆိုထားခဲ့တာဖြစ်ပြီး ခရစ္စမတ်အား လပ်ရက်တွေမှာ သူ့ရဲ့ အဖော်ပြန်လာစေဖို့ ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့စ်ဆီ တောင်းဆိုတဲ့ အကြောင်းအရာတွေနဲ့ ခပ်မြူးမြူးရေးဖွဲ့ထားခဲ့တာပါ။ စွပ်ဖားခေါင်းလောင်းသံ၊ ဂျင်ဂယ်ဘဲလ်သံ၊ လက်ခုပ်သံမြိုင်မြိုင်နဲ့ ခပ်ဆန်းဆန်း ထွက်ရှိလာခဲ့တဲ့ အဆိုပါသီချင်းဟာ ချီးကျူးမှုတွေ အများကြီး ရရှိခဲ့ပြီး Billboard Adult Contemporary ဇယားမှာ ထိပ်တန်းစာရင်း ဝင်ခဲ့ပါတယ်။ ဒီသီချင်းပါဝင်တဲ့ Merry Christmas II You (2010) တေးအယ်လ်ဘမ်ကတော့ Mariah Carey ရဲ့ ၁၃ ချပ်မြောက် စတူဒီယိုတေးအယ်လ်ဘမ်နဲ့ ဒုတိယမြောက် ခရစ္စမတ် တေးအယ်လ်ဘမ်ဖြစ်ပြီး သူဟာ ၁၉၉၄ ခုနှစ် တုန်းက Merry Christmas အမည်နဲ့ ပထမအကြိမ် တေးအယ်လ်ဘမ်တချပ်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ခုတခါ အချိန် ၁၀ နှစ်အကြာ Ariana Grande ၊ Jennifer Hudson တို့နဲ့ ထူးထူး ခြားခြား ဆန်းသစ်သီဆိုထားခဲ့တဲ့ 'Oh Santa!'ကတော့ Apple TV+ မှာ ဒီကနေ့စတင် ထုတ်လွှင့်မယ့် Mariah Carey's Magical Christmas Special မှာ ပါဝင်နေတာ ဖြစ်ပါ တယ်။ ဒီအစီအစဉ်မှာတော့ Mariah Carey နဲ့အတူ Jermaine Dupri နဲ့ Snoop Dogg တို့လို ဧည့်သည်အဆိုတော်တွေလည်း ပါဝင်ပြီး Sony Music ကနေ ဖြန့်ချိသွားမှာ ဖြစ်ကာ Apple Music မှာ ဒီကနေ့စတင်နားဆင်နိုင်ပြီး တခြားသော တေးဂီတ ပလက်ဖောင်းတွေပေါ်မှာတော့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာမှ နားဆင်နိုင်မယ်လို့ ဆိုပါတယ်။
7 months Ago
Up