Lockdown

July 30, 2021

တရုတ်-မြန်မာနယ်စပ် ဝမ်တိန်မြို့ကို Lockdown ဖြေလျှော့ပြီး Stay at Home သတ်မှတ်

တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့နယ် ဝမ်တိန်မြို့ကို ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး Lockdown ဖြေလျှော့ကာ Stay at Home အဖြစ် သတ်မှတ်လိုက်တယ်လို့ ဝမ်တိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနက အသိပေးကြေညာလိုက်ပါတယ်။

ဝမ်တိန် ရန်ကွမ်းရွှေ့အန်း ဧရိယာနဲ့ ၇.၀၈ မှာ ကွာရန်တင်းဝင်နေတဲ့ သူတွေ Stay at Home အဖြစ် ဆက်လက်နေထိုင်ရမယ်လို့ ဖော်ပြထားပါတယ်။

Stay at Home ကာလအတွင်း မည်သူမှ ဝမ်တိန်မြို့မှ ထွက်ခွာခွင့်မပြုကြောင်း၊ အရေးပေါ်ကိစ္စကြောင့် ထွက်ရမယ်ဆိုပါက ၄၈ နာရီ အတွင်း စစ်ဆေးထားတဲ့ ပိုးကင်းစင်ကြောင်း လက်မှတ်၊ မှတ်ပုံတင်၊ စာရွက်စာတမ်း မိတ္တူတွေနဲ့ ကိုယ်သွားမယ့်နေရာစတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ သက်ဆိုင်ရာကို တင်ပြရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနက စိစစ်အတည်ပြုချက်ရမှ ထွက်ခွာခွင့်ပြုမယ်လို့ ပါရှိပါတယ်။

ဝမ်တိန်ကို ဝင်ရောက်မယ့်သူတွေလည်း အလားတူအထောက်အထားတွေ ပြရမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင်၊ အိမ်ပိုင်အထောက်အထား၊ အိမ်ထောင်စု စာရင်း၊ အိမ်ငှားဖြစ်ပါက အငှားစာချုပ် စတဲ့ အထောက်အထား တစ်မျိုးမျိုးနဲ့ ၇၂ နာရီအတွင်း ပိုး စစ်ထားတဲ့ ပိုးကင်းစင်ကြောင်း ဆေးလက်မှတ်၊ သွားရောက်ရတဲ့အကြောင်းအရင်း တင်ပြရမှာပါ။

ဝမ်တိန်ဒေသမှ ရွှေလီမြို့နယ်နဲ့ အခြား မြို့တွေကို ကုန်မျိုးစုံ တင်ပို့၊ တင်သွင်းမယ်ဆိုရင် ဟိုင်းဝေးလမ်းမကြီး ဖြစ်တဲ့ ဟယ့်ရှန်း ဂိတ်ကနေသာ ယာဉ် အစားထိုးမောင်းနှင် စနစ်နဲ့ ဝင်၊ ထွက်ဖို့၊ ကိုဗစ် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီ တင်သွင်းဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဝမ်တိန်မှာ လက်ရှိ နေထိုင်သူတွေအပါအဝင် ပြင်ပမှ ရောက်ရှိလာသူအားလုံး ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ဧည့်စာရင်းမတိုင်ထားတဲ့သူဆီမှာ ပိုးတွေ့ပြီး ကူးစက်စေပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ဆေးဆိုင်တွေမှာ အဖျားကျဆေး၊ အပူကျဆေး၊ ပိုးသတ်ဆေးလိုမျိုး၊ ချောင်းဆိုးပျောက်ဆေးနဲ့ ပတ်သက်တဲ့ ဆေးမျိုး လုံးဝ ရောင်းချခွင့်မပြုကြောင်း၊ ကိုဗ်စ-၁၉ ရောဂါလက္ခဏာ ဖြစ်လာပါက သက်ဆိုင်ရာကို သတင်းပို့ပြီး ဆေးစစ်ရမယ်လို့ ဆိုပါတယ်။

ဝမ်တိန်ကို ဇူလိုင်လ ၈ ရက်ညက လော့ဒေါင်းချခဲ့တာဖြစ်ပြီး ကျင်းစန်းကျော့ -  ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကိုတော့ ဇူလိုင်လ ၈ ရက်နေ့ နေ့လည်ခန့်က ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ကဘက်က ရက်အကန့်အသတ် မရှိပိတ်ထားခဲ့ပေမယ့် ဇူလိုင်လ ၂၃ ရက်ကစ ဝမ်တိန်ဘက်က ကုန်တင်ပြီး၊ အခွန်ဆောင်ပြီး မြန်မာကုန်တင်ကားတွေကို တစ်ပတ် သုံးကြိမ်၊ တစ်ကြိမ်ကို အစီး ၂၀ ဝန်းကျင် ထွက်ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

တရုတ် သတင်းတွေအရ ဇူလိုင်လ ၂၉  ည ၂၄ နာရီထိ ရွှေလီ၊ ဂျယ်ဂေါင် အပါအဝင် ထပ်တိုးလူနာမရှိကြောင်း၊ လက်ရှိ ယူနန်ပြည်နယ်အတွင်း ကုသမှုခံယူနေတဲ့ ပိုးတွေ့ လူနာ ၃၆၆ ဦးရှိပြီး ပြည်တွင်း ကူးစက်မှု ၆၃ ဦး၊ ပြည်ပ ကူးစက်မှု ၃၀၃ ဦး ရှိကာ သေဆုံးသူ မရှိကြောင်း သိရပါတယ်။

Pra Jaw

3 months Ago

June 1, 2021

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ သန်းကျော်၊ စင်ကာပူတွင် လော့ခ်ဒေါင်း ဖြေလျှော့ မှု စတင်မည်

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပေမယ့် စင်ကာပူနိုင်ငံမှာတော့ လော့ခ်ဒေါင်းဖြေလျှော့မှုတွေ မကြာခင်မှာပဲ စတင်တော့မှာဖြစ်တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒေသတွင်း တရက်တည်း ကူးစက်မှုအသစ် ၂၅,၆၄၂ ယောက်ရှိခဲ့ပြီး ဒါဟာ အရင်နေ့က ကူးစက်မှု ၂၅,၆၀၃ ထက် အနည်းငယ် မြင့်တက်နေခဲ့တာပါ။ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအသစ် ၃၇၄ ယောက်နဲ့ ဒေသတွင်း သေဆုံးသူ စုစု ပေါင်းကတော့ ၇၈,၈၈၈ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ လာမယ့် သီတင်း ၂ ပတ်အတွင်း ကိုဗစ်- ၁၉ ရောဂါ အပြည့်အဝကာကွယ်ထိန်းချုပ်မှုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပြီး နိုင်ငံတွင်း လော့ခ်ဒေါင်း ဖြေလျှော့မှုတွေ စတင်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်အသစ်က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကြား ကူးစက် မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးထားတာကြောင့် လာမယ့် ဇွန် ၁၃ ရက်နေ့က စတင်ပြီး စင်ကာပူနိုင်ငံမှာ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံမှုတွေကို စတင်မယ်လို့လည်း ဆိုပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကြား ရောဂါကူးစက် ခံရမှု ၈၂,၃၄၁ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အဲဒီထဲ က ၁၉,၈၅၁ ယောက်ကတော့ ၄ နှစ်အောက် ကလေးတွေဖြစ်ပြီး ၂၇,၄၀၂ ယောက်ကတော့ ၁၃ နှစ်ကနေ ၁၇ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ မိဘတွေကို မိမိတို့ရဲ့ ရင်သွေးတွေ ရောဂါကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်ဖို့ လူစုလူဝေးနဲ့ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေရှိတဲ့ နေရာတွေကို ခေါ် ဆောင်မသွားဖို့လည်း နှိုးဆော်ထားပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ မှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၆ သောင်းနီးပါးနဲ့ အာဆီယံဒေသတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေပါတယ်။

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါ သန်းနဲ့ချီ ကူးစက်မှုအမြင့်ဆုံး နိုင်ငံတွေ ထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။       ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၁ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ကတော့ ၃ သန်းခွဲကျော်နဲ့ ရောဂါ ပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၁၅၃ သန်းကျော် ရှိနေတာ ဖြစ်ပါ တယ်။

5 months Ago
More News
Up