Lock down

September 5, 2021

အင်းစိန်ထောင် Lock Down သက်တမ်းထပ်တိုး

အင်းစိန်ထောင်ကို စစ်ကောင်စီက စက်တင်ဘာ ၁၀ ရက်အထိ Lock Down သက်တမ်း ထပ်တိုးထားတာကြောင့် ၅၀၅(က)နဲ့ တရားစွဲခံထားရသူတွေရဲ့အမှုတွေကို အဲ့ဒီနောက်ပိုင်းမှ ပြန်စစ်နိုင်လိမ့်မယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ရှေ့နေတွေက ပြောပါတယ်။ 

ဇွန် ၃၀ ရက်မှာ အင်းစိန်ထောင်ထဲက ၅၀၅ (က) နဲ့ တရားစွဲခံထားရသူ ၇၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်မှာ ၅၀၅ (က) နဲ့ တရားစွဲခံရသူ ၃၀၀၀ ကျော် ကျန်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က “Lock Down ကတော့ စက်တင်ဘာ ၁၀ ရက်အထိ ထပ်တိုးထားတယ်။ ပစ္စည်းပို့လို့ပဲ ရတယ်။ လူတွေ့ဆုံခွင့်မရှိဘူး။ အမှုတွေကလည်း ၁၀ ရက်နေ့ နောက်ပိုင်းမှပဲ စစ်ဖြစ်လိမ့်မယ်။ ၁၀ ရက်အထိ နစကက ရုံးပိတ်ရက် ကြေညာထားတော့လေ။ ၁၀ ရက်နေ့ နောက်ပိုင်း ရုံးဖွင့်ရက်ပြန်ဖြစ်မယ်ဆိုရင် အဲဒီကျမှ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေး ထိုင်ပြီးမှပဲ ဆက်စစ်ဖြစ်မယ်” လို့ ပြောပါတယ်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်တာတွေကြောင့် စစ်ကောင်စီက ဇူလိုင် ၈ ရက်ကစပြီး Lock Down ချခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်း အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ၅၀၅ (က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နား ခဲ့ပါတယ်။

ဆက်ပြီး ဦးခင်မောင်မြင့်က "Lock Down က ဇူလိုင် ၈ ရက်ကစခဲ့တာဆိုတော့ နည်းနည်းကြာ သွားပြီး ကျနော်တို့မှာ နည်းနည်းအဆက်အသွယ်ပြတ်တယ်။  တရားရုံးတွေနဲ့ ပဲချိတ်ဆက်ပြီး မေးရတယ်။ထောင်ထဲက သတင်းမေးလို့လည်း မရဘူး။ လူလည်းသွားတွေ့လို့မရဘူး။ အဲဒီလို ဖြစ်နေတယ်" လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင်မှာ နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ပြခဲ့ပါတယ်။

အင်းစိန်ထောင်ထဲရောက်နေတဲ့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ကိုဗစ်ကူးစက်ခံ ခဲ့ရပြီး ဇူလိုင် ၂၀ ရက်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ 

၅၀၅(က) နဲ့ တရားစွဲခံရတဲ့ နိုင်ငံရေးသမားတချို့လည်း ကိုဗစ်ကူးစက်ခံရတာတွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အခြေအနေတွေကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။

3 months Ago

May 4, 2020

အင်းစိန်မြို့က ကွယ်ကဘောဆေးရုံကို lock down ပြုလုပ်ထား (ဓာတ်ပုံ)

အင်းစိန်မြို့နယ်က အတည်ပြုလူနာအမှတ် ၁၅၂၊ ၁၅၃နဲ့ ၁၅၄ တို့ ၃ ဦးဟာ အင်းစိန် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းပေါ်ရှိ ကွယ်ကဘောဆေးရုံမှ သူနာပြုဆရာမတွေ ဖြစ်နေတာကြောင့် အဲဒီဆေးရုံကို တိုင်းကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ မတ်လ ၃ ရက်နေ့ညပိုင်းက စတင်ကာ Lock Down ပြုလုပ်ခဲ့ပါတယ်။ Lock Down ပြုလုပ်ခဲ့တဲ့ ကွယ်ကဘောဆေးရုံဌာနရဲ့ ရောဂါပိုးတွေ့ရှိသူစာရင်းမှာ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ခဝဲခြံ ၂ လမ်းအဖြတ်ရှိ ယခင်ရက်ပိုင်းက ပိုးတွေ့ရှိခဲ့သူ လူနာ အမှတ် ၁၅၁ ရဲ့ အဆက်ဖြစ်ပြီး ကွယ်ကဘောပုဂ္ဂလိကဆေးရုံးက သူနာပြတွေဖြစ်တဲ့ လူနာအမှတ် ၁၅၂၊ ၁၅၃ နဲ့ ၁၅၄ တို့မှာ ရောဂါပိုးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Photo - JPaing / MPA
2 years Ago
More News
Up