KNDF

November 12, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး၊ KNDF ၁ ဦး ကျဆုံး

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာနဲ့ ပဒုံငံကျေးရွာဘက်မှာ ကရင်နီ တပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သား  အယောက် ၂၀ သေဆုံးခဲ့ကာ KNDFတပ်ဖွဲ့ဝင် တယောက် ကျဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်ကနေ ည ၆ နာရီကျော်အထိ ၄ နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ခြေတော်ရာ ဘုရားတောင်ဘက်ကနေ စစ်ကြောင်းထိုးပြီး တောင်ပေါ်တွေမှာ တပ်ဖြန့်ကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို ဒီးမော့ဆိုမြို့နယ် တိုက်ပွဲ ဖြစ်ပွားရာ ဒေသအတွင်းမှာ ဗျူဟာမြောက် ကုန်းပြင်မြင့်တွေအပေါ်မှာ တပ်ဖြန့်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့လည်း  ဆိုပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ စက်‌တော်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က  ၁၀  ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကရင်နီတပ်မတော် (KA) ဘက်က တဦး ကျဆုံးခဲ့ပါတယ်။

2 weeks Ago

November 2, 2021

ဖယ်ခုံမြိုနယ် လွယ်ဝှဲရွာနီးတိုက်ပွဲဖြစ်၊ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်၊ အဘွားအို ၁ ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက်  ဒီကနေ့ မွန်လွဲပိုင်းက စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDF ၊ KNDF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လွယ်ဝှဲကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့  ဖယ်ခုံ PDF တာဝန်ရှိသူ တဦးက ပြောပါတယ်။

“လွယ်ဝှဲရွာဘက်ကို စစ်ကြောင်းတွေအများကြီး ဆင်းလာပြီး ပင်လောင်းမြို့နယ်နဲ့ကပ်တဲ့ အရင်လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရတဲ့ဘက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ။ အဲမှာ တိုက်ပွဲဖြစ်တာ။ ”

ဒီတိုက်ပွဲအတွင်း KNDF တပ်ဘက်က မိစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးသွားတာတွေရှိပေမယ့် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာ ဒေသခံ အားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး နေမကောင်းတဲ့ အသက် ၇၀ အရွယ်အဘွားအို တဦး ထိတ်လန့်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့ ဖယ်ခုံမြို့နယ် လွယ်ဝှဲရွာကိုစကစ လက်နက်ကြီး ရွာမှာကျလို့ပြေးကြတယ်။ နေမကောင်းတဲ့အဘွားကြီး တယောက်လန့်ပြီး သေတယ်။ အခုရွာထဲ သူ့အလောင်းတယောက်ပဲ ကျန်တယ်။ မြှုပ်ပေးမဲ့သူမရှိ၊ တရွာလုံးပြေးကုန်လို့။”

ကရင်နီပြည်နယ်မှာ ၆ လအတွင်း KA၊ KNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲကြောင့် အရပ်သား  ပြည်သူ ၉၉ ဦး သေဆုံးပြီး၊ စစ်ကောင်စီဘက်က ၃၉၉ သေဆုံးသွားသလို KNDF/KA အဖွဲ့က သေဆုံးသူ ၃၀ ဦးရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

4 weeks Ago
More News
Up