ဘယ်လ်ဂျီယံနိုင်ငံမှာ ကျင်းပနေတဲ့ ယူရိုပီယံအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ အာဂျင်တီးနား အကျော်အမော် Diego Schwartzman နဲ့ အမေရိကန် တင်းနစ်စတား Jenson Brooksby တို့ ဟာ ပြိုင်ဘက်တွေကို အနိုင်ရပြီး ဆီမီးအဆင့်ကို တက်သွားကြပြီ ဖြစ်ပါတယ်။
အခုထိ ရှုံးပွဲမရှိသေးတဲ့ Diego Schwartzman ဟာ ကွာတားဖိုင်နယ်အဆင့်မှာ Brandon Nakashima ကို အနိုင်ရသလို၊ တက်သစ်စ Jenson Brooksby ကလည်း စပိန်က တင်းနစ် ကစားသမား Davidovich Fokina ကို အနိုင်ရခဲ့ပြီး ဆီမီးအဆင့်ကို တက်သွားကြတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက် ဆီမီးအဆင့်မှာ Diego Schwartzman နဲ့ Jenson Brooksby တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ နံပါတ်တစ် ဖြစ်ခဲ့ဖူးတဲ့ ဗြိတိန် တင်းနစ် အကျော်အမော် အန်ဒီမာရေးဟာ ယူရိုပီယံ အိုးပင်းပြိုင်ပွဲ ဒုတိယအကျော့ကနေ ထွက်သွားရပါတယ်။
အာဂျင်တီးနားက ပြိုင်ဘက် Diego Schwartzman နဲ့ ပွဲမှာ ၆-၄၊ ၇-၆ (၆) နဲ့ ရှုံးသွားတဲ့ မာရေးက ဒီပွဲမှာ စိတ်ဓာတ်ပိုင်းအားနည်းပြီး ဆုံးဖြတ်ချက်တွေလည်း မှားခဲ့တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။
၂၀၁၉ ခုနှစ်က ယူရိုပီယံအိုးပင်း ဖိုင်နယ်ဆုဖလားကို ရခဲ့ဖူးတဲ့ မာရေးဟာ လောလောဆယ်မှာ ကမ္ဘာ့အဆင့် ၁၇၂ ဖြစ်ပါတယ်။
သူဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် အရင် ချန်ပီယံလက်စွမ်းကို ပြန်မရနိုင်တော့ဘဲ ဖြစ်နေတာပါ။
ပွဲအပြီးမှာ မာရေးက ပွဲကစားနေချိန်မှာ သူ့ စိတ်ပိုင်းဆိုင်ရာ အလွန်အားနည်းခဲ့သလို၊ ကွင်းနဲ့ အံဝင်ခွင်ကျ မဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေ မှားခဲ့တယ်လို့ ပြောပါတယ်။
မာရေးဟာ ဒီနှစ် ဝင်ဘယ်တန်မှာ တတိယအကျော့အထိ တက်နိုင်ခဲ့ပေမဲ့ ယူအက်စ် အိုးပင်းကနေလည်း ပထမအကျော့နဲ့ပဲ ထွက်ခဲ့ရပါတယ်။