CDM ဝန်ထမ်း

May 11, 2021

ဆိပ်ဖြူမြို့နယ်ပညာရေးမှူးအပါအဝင် CDM ဝန်ထမ်း ၁၆ ဦး အလုပ်ထုတ်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ပညာရေးမှူးအပါဝင် CDM ဝန်ထမ်း ၁၆ ယောက်ကို မေလ ၉ ရက်နေ့ရက်စွဲနဲ့ အကြမ်းဖက်စစ်ကောင်စီက ရာထူးကနေထုတ်ပယ်လိုက်တယ်လို့ CDM ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ခွင့်မဲ့ပျက်ကွက်တာကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ မေလ ၅ ရက်နေ့ကစလို ရာထူးကထုတ်ပယ်လိုက်တဲ့ စာထွက်လာတာလို့ ဆိုပါတယ်။

CDM ပြုလုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်ပညာရေးမှူး ဦးကျော်သူရကိုလည်း အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ - ၅၀၅(က)နဲ့ ဖမ်ဝရမ်းထုတ်ထားတာကြောင့် တိမ်းရှောင်နေရပါတယ်။

17 mins Ago

April 30, 2021

အား/ကာဌာန CDM ဝန်ထမ်းများကို အလုပ်ဖြုတ်ပြီး လိုင်းခန်းမှ ချက်ချင်းဖယ်ရှား

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ အားကစားနဲ့ကာယပညာဦးစီးဌာနက CDM ဝန်ထမ်းတွေကို အလုပ်ကဖြုတ်ပြီးနောက် အဆောင်လိုင်းခန်းတွေကနေ ချက်ချင်းဖယ်ရှားဖို့ ဖိအားပေးခံနေရပါတယ်။

"မဖယ်ရင် အထုပ်တွေကို လမ်းဘေးမှာပစ်ထားပြီး လူကိုလည်း တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ပြီးပြောဆိုနေပါတယ်။ ညီမတို့လည်း အခု အလုပ်ကနေ အထုတ်ခံရပြီးပါပြီရှင့်။ အရမ်းပဲ ဖိအားတွေပေးနေပါတယ်။ ဝန်ထမ်း ၂ လစာ ချေးငွေလည်းပြန်ဆပ်ခိုင်းနေပါတယ်" လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ရာထူးတိုးလျှော့တာ၊ အလုပ်ထုတ်ခံရတာအပါအဝင် အရေးယူခံထားရတဲ့ ဝန်ထမ်း ၃၈ ယောက်ရှိပါတယ်။

"အလုပ်ထုတ်ခံရတဲ့ ၃၈ ယောက်က နမူနာပါ။ ကြောက်အောင်ခြောက်ပြီး အလုပ်ထဲပြန်ဝင်အောင်လုပ်တာပါ။ ရုံးမှာက မိုးကျရွှေကိုယ်တွေအရမ်းများပါတယ်။ စစ်တပ်ကထွက်တဲ့  ၂ သီးစားတွေချည်းပါပဲ" လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။

အား/ကာ ဦးစီးဌာနမှာ CDM လုပ်နေတဲ့ နည်းပြနည်းစနစ်မှူးတွေ၊  အားကစားသမားတွေနဲ့ ရုံးဝန်ထမ်းတွေ စုစုပေါင်း ၇၀၀ နီးပါး ရှိပြီး တချို့ကတော့ ရုံးက ဖိအားအမျိုးမျိုးကြောင့် ရုံးပြန်တက်တဲ့သူလည်းရှိတယ်လို့ သိရပါတယ်။

2 weeks Ago
More News
Up