Battle Round

October 26, 2020

“တစ်နယ်စီခွဲနိုင်မလား”သီချင်းဖြင့် Battle Round ကို အတူဖြတ်ကျော်နိုင်ခဲ့သည့် N Oo L နှင့် စုမွန် (ရုပ်သံ)

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် N Oo L နဲ့ စုမွန်တို့က စုံတွဲသီချင်းတပုဒ်နဲ့ သီဆို ပြိုင်ပွဲဝင်ခဲ့ကြ ပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ N Oo L နဲ့ စုမွန်တို့က “တစ်နယ်စီခွဲနိုင်မလား”အမည်ရတဲ့ စုံတွဲသီချင်းနဲ့ လိုက်ဖက်ညီညီ ယှဉ် ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။        အဲဒီသီချင်းကတော့ တချိန်က နာမည်ကြီးအဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ R. ဇာနည်နဲ့ ဆုန်သင်းပါရ်တို့ရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းဖြစ်သ လို ခုတခါ ပြိုင်ပွဲဝင် ၂ ယောက်ရဲ့ ယှဉ်ပြိုင်မှုကလည်း ဒိုင်တွေကို ဖမ်းစားထားနိုင်ခဲ့တာ ကို တွေ့ရပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ N Oo L က ထူးအိမ်သင်ရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး”သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စုမွန် ကတော့ ဆုန်သင်းပါရ်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ချယ်ရီမြို့” သီချင်းနဲ့ ယှဉ်ပြိုင် ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခုတခါ “တစ်နယ်စီခွဲနိုင်မလား”သီချင်းနဲ့ သူတို့ ၂ ယောက်ရဲ့ Battle Round ယှဉ် ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံး ဖြတ်ရချိန်မှာတော့ R. ဇာနည်က N Oo L ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။ ခုတခါမှာတော့ စုမွန်ကို Coach ရန်ရန်ချန်းက ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
9 months Ago

October 19, 2020

“နှစ်ယောက်တစ်ယောက်”ရက်ပ်သီချင်းဖြင့် အပြိုင်ကြဲပြီး Battle Round ကို ဖြတ်ကျော်ခဲ့သည့် Error နှင့် ရွှေသွေး(ရုပ်သံ)

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ရွှေသွေးနဲ့ Error အဖွဲ့တို့က ကိုယ်တိုင်ရေး ရက်ပ်သီချင်းတွေနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ရွှေသွေး နဲ့ Error အဖွဲ့က သူတို့ကိုယ်တိုင်ရေးထားတဲ့ “နှစ်ယောက်တစ်ယောက်”အမည်ရတဲ့ ရက်ပ်သီချင်းနဲ့ အမိုက်စားယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ Error အဖွဲ့က Lil'Z နဲ့ Mary တို့ သီဆိုထားကြတဲ့ “မငိုပါနဲ့တော့” သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရွှေသွေးကတော့ အမေရိကန်ဟစ်ဟော့ပ်ရက်ပါအဆိုတော် 2Pac ရဲ့ Dear Mama သီချင်းနဲ့ ယှဉ်ပြိုင်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခုတခါ “နှစ်ယောက်တစ်ယောက်” သီချင်းနဲ့ သူတို့နှစ်ဘက်ရဲ့ Battle Round ယှဉ်ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံး ဖြတ်ရချိန်မှာတော့ ရန်ရန်ချန်းက Error အဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။ ခုတခါမှာတော့ ရွှေသွေးကို Coach ကျားပေါက်က ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
9 months Ago

“ဝေးသွားလည်း”သီချင်းဖြင့် ပြိုင်ဘက်ကို ချန်ခဲ့ပြီး Battle Round ကိုဖြတ်ကျော်ခဲ့သည့် သီရိနှင်းအိမ် (ရုပ်သံ)

       လတ်တလော ကျင်းပနေတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့်မှာတော့ ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ သီရိနှင်းအိမ်က ကျားပေါက်ရဲ့ သီချင်းတပုဒ်နဲ့ ပြိုင်ဘက်ကို ချန်ခဲ့ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ သီရိနှင်းအိမ်နဲ့ Nwai 9 တို့က ကျားပေါက်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ဝေးသွားလည်း” သီချင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ သီရိနှင်းအိမ်က နာမည်ကြီး ဗြိတိန်အဆိုတော် Adele ရဲ့ “All I Ask” သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Nwai 9 ကတော့ အဆိုတော် သာဒီးလူနဲ့ ရက်ပ်ပါ J-Me တို့ သီဆိုထားတဲ့ “ဂျူဒီ”သီချင်းနဲ့ ထူးထူးခြားခြား ယှဉ်ပြိုင်ပြီး ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခုတခါ “ဝေးသွားလည်း”သီချင်းနဲ့ သူတို့ ၂ ယောက်ရဲ့ Battle Round ယှဉ်ပြိုင်မှုအ ဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ ကျားပေါက်က သီရိနှင်းအိမ်ကို ရွေးချယ်ခဲ့တာမို့ Nwai 9 ကတော့ ဒီအဆင့်ကနေ လက်ပြနှုတ်ဆက်သွားခဲ့ရပြီ ဖြစ်ပါတယ်။
9 months Ago
More News
Up