့သွေးပျက်ဖွယ်ရာ

March 24, 2019

နှင်းတောင်ပြိုကျခဲ့တဲ့ ထိတ်လန့်သွေးပျက်ဖွယ်ရာ ဖြစ်ရပ် (ရုပ်သံ)

သြစတြီးနိုင်ငံတွင်းက အက်ပ်တောင်းတန်းတွေပေါ်မှာ နှင်းလျောစီးခဲ့တဲ့ နှင်းလျောစီး သမားတဦးဟာ နှင်းတောင်ပြိုကျခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ အခိုက်အတန့်တခုကို မမျှော်လင့်ပဲ ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ နှင်းလျောစီးသမားဟာ သူ့မိတ်ဆွေတွေနဲ့ တောင်းစောင်းတခုပေါ်ကနေ နှင်းလျောစီးဖို့ စောင့်ဆိုင်းနေချိန်မှာ ဒီနှင်းတောင်ပြိုကျမှု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်သွေးပျက်ဖွယ်ရာ ဖြစ်ရပ်ကိုလည်း ရိုက်တာ သတင်းဌာနကို ပြန်လည်ပြောပြခဲ့ပါတယ်။ “ကျနော်တို့ အုပ်စုက ဒီနှင်းခဲကြီးတွေပေါ်ကို ဖိအားပေးသလိုဖြစ်သွားခဲ့တာကို မသိလိုက်ပါဘူး။ ကျန်တာကိုတော့ ဗီဒီယိုထဲမှာသာ ကြည့်ပါတော့” လို့ သူကပြောပါတယ်။ “နှင်းတောင်ပြိုကျတယ်လဲဆိုရော ကျနော်ပြာယာခတ်ပြီးတော့ ကျနော့်မိတ်ဆွေတွေ နှင်းခဲတွေအောက် ရောက်သွားခဲ့ပြီလား စိတ်ပူခဲ့ရပါတယ်။ ကျနော် အသက်မသေဆုံးခဲ့တာကို ပျော်ရွှင်ခဲ့ရပြီးတော့ အပေါင်းအသင်းတွေထဲက ဘယ်သူကို ကျနော် ကယ်ဆယ်နိုင်မလဲဆိုတာ စတင် ရှာဖွေခဲ့ပါတယ်” လို့လဲ သူကဆက်လက်ပြောဆိုပါတယ်။ နှင်းတောင်ပြိုကျမှုဟာ နှင်းလျောစီးသမားတွေနဲ့ စည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်မှု တွေပြုလုပ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီနှင်းတောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့လည်း သိရပါတယ်။
2 years Ago
Up