ရိုဟင်ဂျာလို့ သုံးနှုန်းသည့်အပေါ် အမေရိကန်သံရုံးကို ဆန္ဒပြ

April 28, 2016

ရိုဟင်ဂျာလို့ သုံးနှုန်းသည့်အပေါ် အမေရိကန်သံရုံးကို ဆန္ဒပြ

အမေရိကန်သံရုံးက ဘင်္ဂလီတွေကို ရိုဟင်ဂျာလူမျိုးဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရှေ့မှာ ဒီနေ့ နေ့လယ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရအဖွဲ့က အမေရိကန်သံရုံးရှေ့အစား ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုခဲ့ပေမယ့် မျိုးချစ်အမျိုးသားကွန်ရက်အဖွဲ့က သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တာဟာ ငြိမ်းစုစီ ပုဒ်မနဲ့ ငြိစွန်းတာကြောင့် ဥပဒေအရ ဆက်လက်အရေးယူမယ့်လို့ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီးက ပြောပါတယ်။ (ဓာတ်ပုံ - လေးလေးမွန်)
5 years Ago
Up