ရုရှားပရိသတ်

June 29, 2018

လိင်အပျော်မယ်အဖြစ် ကျမကိုယ်ကျမ မရောင်းဘူး - ရုရှားပရိသတ် လှပျိုဖြူ

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကမ္ဘာ့သတင်းမီဒီယာတွေပေါ်မှာ Sexy အဖြစ်ဆုံး ရုရှားအသင်း ပရိသတ်အဖြစ် နာမည်ကြီးလာခဲ့တဲ့ လှပျိုဖြူ မိန်းကလေးဟာ တချိန်က လိင်အပျော်မယ်တဦး ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နာတယ်လ်ရာနမ်ချီနိုဗာဟာ ရုရှားအသင်းကို အားပေးတဲ့ ပရိသတ်တွေကြားမှာ ထူးထူးခြားခြား ပေါ်လွင်လှပနေပြီး ဥရုဂွေးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ပရိသတ်တွေက ပိုမိုအာရုံစိုက်မိလာကြတာ ဖြစ်ပါတယ်။ နိုင်ငံအသင်းအလံနဲ့အတူ လက်ဝှေ့ယမ်းမြှောက်ပြပြီး အော်ဟစ်အားပေးနေတဲ့ သူ့ရဲ့ပုံတွေ သတင်းမီဒီယာတွေထဲ ပါလာခဲ့ချိန်မှာတော့ နာမည်ကြီးနေခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ Sexy ကျကျ ရိုက်ထားတဲ့ အဖော်အချွတ် ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပြီး တချိန်တုန်းက လိင်အပျော်မယ်တဦး ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေခဲ့တာပါ။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး နာတယ်လ်ရာက သူဟာ အရင်တုန်းက မော်ဒယ်တဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးပေမယ့် ဘယ်တုန်းကမှ လိင်ပိုင်းဆိုင်ရာ အပျော်မယ်တဦးအဖြစ် မလုပ်ခဲ့ဖူးဘူးလို့ ငြင်းဆိုထားပါတယ်။ သတင်းအင်တာဗျူးတခုမှာတော့ “တချို့အရာတွေက စိတ်ပျက်စရာပါပဲ၊ ဒါပေမယ့် ကျမအနေနဲ့ ဒီလုပ်ငန်းခွင်တွေထဲ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။ ကျမအကြောင်း ရေးနေသမျှ အရာအားလုံးဟာ မမှန်ကန်ပါဘူး။ ဒီသတင်းတွေကိုလည်း ကျမတွေ့ပါတယ်။ သူတို့ပြောသလို ကျမပါတဲ့ လိင်ဖျော်ဖြေရေး ရုပ်ရှင်တွေကိုလည်း ဘယ်မှာမှ တွေ့ရမှာမဟုတ်ပါဘူး” လို့ ဖြေခဲ့တာပါ။ သူက ခုလို ငြင်းချက်ထုတ်နေပေမယ့် အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေထဲက တခုမှာ အမျိုးသား ၂ ဦးနဲ့ လိင်ပိုင်းသရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် နာတယ်လ်ရာကတော့ သူ့မှာ အရင်က ရည်းစားတဦး ရှိခဲ့ဖူးပြီး လက်ရှိမှာတော့ ပြတ်စဲသွားခဲ့ပြီဖြစ်လို့ လက်စားချေတဲ့အနေနဲ့ ခုလို ပျံ့နှံ့ခဲ့တာလို့ ပြောပါတယ်။ “လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျမမှာ ရည်းစားတယောက် ရှိခဲ့ဖူးတယ်။ ကျမတို့ ပြတ်သွားချိန်မှာ သူက ကလဲ့စားချေဖို့ လုပ်ခဲ့တယ်။ သူက အင်တာနက်ပေါ်မှာလည်း တချိန်က ရိုက်ထားခဲ့ဖူးတဲ့ ရုပ်သံဗွီဒီယိုဖိုင်တခု တင်လိုက်ချိန်မှာ ပျံ့နှံ့သွားတယ်။ ကျမပုံတွေ အားလုံးကိုလည်း တင်ခဲ့တယ်လေ။ ကျမအနေနဲ့ လိင်အပျော်မယ်အဖြစ် ကျမကိုယ်ကျမ မရောင်းဘူး။ ကျမ မော်ဒယ်လုပ်တယ်။ အဲဒါ ကျမရဲ့ ဝါသနာပဲ။ ကျမ ကိုယ်ကာယအလှစင်တာတခုမှာ အလုပ်လုပ်တယ်။ အဲဒီအလုပ်ကနေ ကျမ လစာရတယ်။” နာတယ်လ်ရာက ဒီသတင်းတွေ စတင်ကြားရချိန်မှာ ငိုကြွေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူ့ကိုဝန်းရံနေတဲ့ လူတွေကြားမှာ ကံကောင်းတယ်လို့ ပြောလိုက်ပြီး သူဘယ်သူဆိုတာ သူ့ကိုယ်သူ သိတယ်လို့ ပြောလိုက်ပါတယ်။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေကိုလည်း ဖျက်ပစ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ “ဒါတွေထွက်လာတဲ့ ရင်းမြစ်တွေနဲ့ ဒီအုပ်စုတွေကို ကိုင်တွယ်ပြီး ကျမဓာတ်ပုံတွေ ပျံ့နှံ့ခဲ့တာကို ထိန်းချုပ်ဖို့ ကြိုးစားသွားမှာပါ။”
3 years Ago

June 16, 2016

ဘောလုံးပရိသတ်များကို ပြင်သစ်ဖမ်းဆီးထိန်းသိမ်းမှု ရုရှားအစိုးရ အပြင်းအထန် ဝေဖန်

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ရုရှားဘောလုံးပရိသတ်တွေကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်ပြီး ပြင်သစ်ကို ရုရှားအစိုးရက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ မြို့တော် မော်စကိုမှာ ပြင်သစ်သံအမတ်ကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ အခုလို ရုရှားဆန့်ကျင်ရေးလုပ်ရပ်တွေ ပြင်သစ်နိုင်ငံက ထပ်လုပ်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က မာဆေးမြို့မှာ အင်္ဂလန်ပရိသတ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှုနဲ့ ရုရှားဘောလုံးပရိသတ် ၄၃ ဦးကို ပြင်သစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း လီလီမြို့မှာ ပြဿနာဖြစ်ခဲ့တဲ့ ရုရှားပရိသတ် ၄ ဦးကို ပြင်သစ်နိုင်ငံက နှင်ထုတ်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ ယှဉ်ပြိုင်ကစားတဲ့နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲတွေနဲ့ပတ်သက်ပြီး ရုရှားဘောလုံးအဖွဲ့ချုပ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဆိုင်းငံ့အပြစ်ဒဏ်နဲ့ ဒဏ်ကြေးတပ်ခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားဘောလုံးပရိသတ်တွေကို ပြင်သစ်ရဲတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးတာနဲ့ ပတ်သက်ပြီး ရုရှားဘောလုံးပရိသတ်တွေက သိပ်မကျေနပ်ကြဘူးလို့ ပြောပါတယ်။
5 years Ago
Up