ရုပ်ရှင်ဝါသနာအိုး

June 27, 2019

ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)

ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီးရော့ခ်ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ The Beatles သီချင်းတွေနဲ့ ဇာတ်လမ်းတည်ရိုက်ကူး ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် Yesterday ! Musical Fantasy Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကို တော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဟောလိဝုဒ်နာမည်ကျော် ရုပ်ရှင်ကားတွေဖြစ်တဲ့ Slumdog Millionaire ၊ Steve Jobs စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် အောစကာဆုရ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Danny Boyle က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဗြိတိန်အရှေ့ပိုင်း ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာနေတဲ့ Jack Malik ဟာ ဂီ တလောကမှာ အောင်မြင်ဖို့ကြိုးစားနေတဲ့ လူငယ်ယောက်ဖြစ်ပြီး Ellie ကတော့ သူ့ကို အမြဲယုံကြည်ပြီး သူ့အနားမှာ အားပေးနေတဲ့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ Jack Malik ဟာ ဂီတကို အရူးအမူးမွတ်သိပ်ဆာလောင်စွာ လုပ်နေခဲ့ပေမယ့် မအောင်မြင်တဲ့အခါ သူ့ ရဲ့အိပ်မက်တွေဟာ တဖြည်းဖြည်းမှေးမှိန်စပြုလာခဲ့ပါတယ်။ ဒါပေမယ့် တနေ့မှာတော့ ရုတ်တရက်တကမ္ဘာလုံးလျှပ်စစ်မီးတွေ ပြတ်တောက်သွားတဲ့အချိန်မှာ Jack တယောက် စက်ဘီးစီးလာရင်း ကားတစ်စီးနဲ့တိုက်မိပြီး ဆေးရုံပေါ် အရေးပေါ်ရောက်သွားခဲ့ပါတယ်။ သူပြန်နိုးလာချိန်မှာတော့ ကမ္ဘာပေါ်မှာ မသေဆုံးတော့ဘူးလို့ တင်စားပြောဆိုကြရတဲ့ တေးသီချင်းတွေကို ဖန်တီးခဲ့တဲ့ The Beatles အဖွဲ့ရဲ့ သီချင်းတွေအားလုံးကို ထူး ဆန်း စွာပဲ Jack ကလွဲပြီး ဘယ်သူမှမသိတော့ပါဘူး။ The Beatles ရဲ့ အကြောင်းအရာ အ ချက်အလက်ဒေတာတွေဟာလည်း  ထူးဆန်းစွာနဲ့ပျောက်ဆုံးနေပါတယ်။ ဒါပေမယ့် Jack တစ်ယောက်ကတော့ The Beatles သီချင်းတွေအကုန်လုံးကို သိနေသေး တာပေါ့။ ဒီအချိန်မှာပဲ မအောင်မြင်သေးတဲ့ ဂီတသမားလေး Jack ဟာ The Beatles ရဲ့ သီချင်းတွေကို အသုံးချပြီး ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုအဆုံးသတ်တွေနဲ့ ဂီတဒ ရာမာ ဇာတ်လမ်းတပုဒ်အဖြစ် ဖန်တီးထားမလဲဆိုတာကို မကြာခင်မှာ ရှုစားကြရတော့ မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Himesh Patel ၊ Lily James တို့နဲ့အတူ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ အဆိုတော် Ed Sheeran ကလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့် ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားရဲ့ Title – Yesterday ဟာလည်း The Beatles ရဲ့ သီချင်းတ ပုဒ်နာမည်ပဲ ဖြစ်ပြီး ဒီကားထဲမှာ The Beatles ရဲ့သီချင်းတွေ ထည့်သွင်းအသုံးပြုနိုင်ဖို့ မူပိုင်ခွင့်အရ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး အကုန်အကျခံ ရိုက်ကူးခဲ့ရတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Tribeca Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး ဒီကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကလည်း အထူး မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကြီး ဟောလိဝုဒ် Supernatural Horror အမျိုးအစား ရုပ်ရှင် Annabelle Comes Home ! ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Warner Bros. နဲ့ New Line Cinema တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိ ကန် ရုပ်ရှင်ဒါရိုက်တာ Gary Dauberman က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Annabelle ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Annabelle: Creation ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ ၃ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး Conjuring Universe Franchise ရဲ့ ခုနစ်ကား မြောက်ရုပ်ရှင် ဖြစ်လာမှာပါ။ ကျိန်စာသင့်နေတဲ့ နာမည်ကြီးအရုပ်လေး Annabelle ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအ ကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ Warren ဇနီးမောင်နှံ ၂ ယောက် သိမ်းဆည်းထားခဲ့တဲ့ Annabelle အရုပ်ကလေးဟာ  မကောင်းဆိုးဝါးတွေ ပူး ကပ်မှုကြောင့် ပြန်နိုးထလာပြီး Warren မောင်နှံရဲ့ သမီးလေးဖြစ်တဲ့ Judy နဲ့အတူ က လေးထိန်းနှစ်ယောက်ကိုပါ ခြောက်လှန့်တာတွေကို ကြည့်ရှုကြရမှာဖြစ်ပြီး ဘယ်လိုသွေး ပျက်ထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ဖန်တီးရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိ သတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Mckenna Grace ၊ Madison Iseman ၊ Katie Sarife တို့နဲ့အတူ အရင်ရုပ်ရှင်ကားတွေမှာ Warren မောင်နှံအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားမင်းသမီး တွေဖြစ်ကြတဲ့ Patrick Wilson နဲ့ Vera Farmiga တို့ကလည်း ပြန်လည်ပါဝင်ထား ကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ သွေးထွက်သံယိုမြင် ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် က လေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထား ပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ Annabelle ရုပ်ရှင် Series တွေဟာ Box Office မှာ ရုံတင်ဝင် ငွေ စံချိန်တင်ရရှိခဲ့တာမို့ ခုထွက်ရှိလာတဲ့ ရုပ်ရှင်ကရော စံချိန်တင်နိုင်ပါ့မလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ ယူကျုဘ်ပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ် ရေ ၁၅ သန်းနီးပါးရှိနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာအချစ်ဟာသဒရာ မာရုပ်ရှင်ကားတကားဖြစ်တဲ့ စိန်ဂေါ်လီမယောက်ျား ! နတ်ရဲ(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ရွာရိုးကိုးပေါက် လျှောက်လိမ့်နေပြီး တလောကလုံးကို ပတ်မွှေ နေမယ့် စိန်ဂေါ်လီမနဲ့အတူ ဘယ်လိုသဘာဝကျကျ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ၀ါရင့်နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး နေ ရာတကာမှာ ၀င်မွှေတတ်တဲ့ ရွာရဲ့အထင်ကရ စိန်ဂေါ်လီမအဖြစ် ခိုင်သင်းကြည်၊ သူနဲ့ ဆိုးတူကောင်းဘက် လေးခွတလက်နဲ့ လျှောက်မွှေနေတဲ့ သံဂေါ်လီမအဖြစ် တက္ကသိုလ် ဂွမ်းပုံ၊ တယောက်နဲ့တယောက် စီးပွားရေးအားပြိုင်တဲ့နေရာမှာ အပြိုင်အဆိုင် ဆေးထိုး ကြသူတွေအဖြစ် ကျော်ရဲအောင်နဲ့  စိုးမြတ်သူဇာ၊ စိန်ဂေါ်လီ၊ သံဂေါ်လီ ၂ ယောက်ကို အပြိုင်ပိုးပန်းပြီး မွှေသမျှခံကြရသူတွေအဖြစ် ပြေတီဦး နဲ့ ခင်လှိုင်တို့က သရုပ်ဆောင် ထားခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာ Gold Class ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောအချိန်ထိ စိန်ဂေါ်လီမယောက်ျားရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ် ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ၀ါရင့်ဟောလိဝုဒ်သရုပ် ဆောင်မင်းသားကြီး ဆီလ်ဗက်စတာစတားလုံး ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်-  Escape Plan: The Extractors ! Action Thriller အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်ရုပ်ရှင် ဒါ ရိုက်တာ John Herzfeld က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာမည် ကျော်ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီတွေ ဖြစ်ကြတဲ့ Lionsgate Entertainment နဲ့ Summit Entertainment တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသားကြီး စတားလုံးကို လုံခြုံရေးအထူးကျွမ်းကျင်သူ Security Expert ဇာတ်ကောင် Ray Breslin အဖြစ် ပရိသတ်တွေက ရှုစားကြရမှာပါ။ ဟောင်ကောင်နည်းပညာ လုပ်ငန်းစုရဲ့ သမီးဖြစ်သူနဲ့အတူ သူ့ရဲ့ ချစ်သူကို ပြန်ပေးဆွဲခံ ရတဲ့ အမှုအတွက် အကူအညီတောင်းချိန်မှာ ဘယ်လိုကယ်ထုတ်မလဲ။ နောက်ပြီး ပြန်ပေးသမားဟာ အရင်က သူ့ရဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးသူရဲ့ သားဖြစ်နေချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဘယ်လိုခက်ခဲကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆို တာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားဟာ မင်းသားကြီး စတားလုံး တလျှောက်လုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ Escape Plan ရုပ်ရှင်စီးရီးစ်တွေရဲ့ နောက်ဆက်တွဲ တတိယမြောက်ရုပ်ရှင်ကားအဖြစ် ထွက်ရှိလာခဲ့တာဖြစ်ပြီး မင်းသားကြီး အာနိုးနဲ့အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ ပထမဆုံး ရုပ် ရှင် Escape Plan ကို ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဒုတိယကားဖြစ်တဲ့ Escape Plan: Hades ကိုတော့ မနှစ်က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ဆုံးထွက်ရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာနိုးက မပါဝင်တော့ပဲ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Dave Bautista ၊ Jaime King ၊ Max Zhang ၊ Daniel Bernhardt တို့နဲ့အတူ ရက်ပ်ပါသရုပ်ဆောင် 50 Cent ကလည်း ပါဝင် ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ဇာတ်ဝင်ခန်း Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြု ချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.7 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၅ သိန်းကျော် ရှိနေခဲ့တာပါ။ ဒီကားကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကတည်းက ရုံတင်ပြသနေ တာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဖားကန့် မှော်ထဲက ကျောက်တူးသမားတွေရဲ့ ဘ၀အကြောင်းတွေကို ထူးထူးခြားခြား ရိုက်ကူးပုံ ဖော်ထားတဲ့ ရုပ်ရှင် - လောဘနွံ ! ဒီကားကိုတော့ ကချင်လူမျိုး အဆိုတော်၊ သရုပ်ဆောင် ဒါရိုက်တာ JZ ဒေါင်လွဏ်း ရဲ့ ဇာတ်လမ်းကို သူကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်ကားထဲမှာ လည်း ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ဖားကန့်မှော်ထဲက လောဘသားကောင်တွေ၊ သယံဇာတ ကျိန် စာသင့်နေတဲ့အဖြစ်အပျက်တွေနဲ့ ကချင်မြေသူငယ်ချင်းတွေကြားထဲက သံယောဇဉ်တွေ ကို ပုံစံတမျိုးနဲ့ ရိုက်ကူးတင်ဆက်ထားခဲ့တာဖြစ်ပြီး ရေမဆေးကျောက်တူးသမားတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀အခြေအနေတွေကို ထင်ဟပ်နေတာကို ပရိသတ်တွေက ရှုစား ကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကချင်-မြန်မာသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး JZ ဒေါင်လွဏ်းနဲ့အတူ နာမည်ကြီးသရုပ်ဆောင်မင်းသား လူမင်း၊ ခင်လှိုင်၊ ဘုဏ်းသိုက်၊ အေးမြတ်သူ၊ ဇော်ဒွဲခေါင်၊ NT ဆိုင်းနွယ်၊ P ဂျာဆိုင်းဘူစတဲ့ သရုပ်ဆောင်တွေက ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ JZ ဒေါင်လွဏ်းဟာ ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု အထူးဆုရရှိ ခဲ့တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာ၊ ငြိမ်းချမ်းရေးဟာ လူ့အဖွဲ့အစည်းအတွက် အရေး ကြီးပုံကို ပြသထားတဲ့ တိမ်ပြာသောနေ့စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပြီး လောဘနွံရုပ်ရှင်ကတော့ သူ့ရဲ့ ဒုတိယမြောက် ရုံတင်မယ့် ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ရုပ်ရှင် ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ မွန်းလွဲ ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တနင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။
2 years Ago

June 20, 2019

ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)

ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီးလူသတ်ဇာတ်ကောင် မကောင်းဆိုးဝါးအရုပ်ကလေး Chucky ကို ပုံစံတမျိုးနဲ့ ဆန်း သစ်ရိုက်ကူးလိုက်တဲ့ ရုပ်ရှင် Child’s Play ! ဒီကားကိုတော့ နော်ဝေရုပ်ရှင်ဒါရိုက်တာ Lars Klevberg ကရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Orion Pictures က တင်ဆက် လိုက်တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၈၈ ခုနှစ်လောက်က Child’s Play နာမည်နဲ့ပဲ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ရုပ်ရှင်ကို ပုံစံတမျိုးနဲ့ ဆန်းသစ်ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။ Andy ဆိုတဲ့ ၁၃ နှစ်အရွယ် နားမကြားတဲ့ ကောင်လေးကို မိခင်ဖြစ်သူက အ ရုပ်ကလေးတရုပ် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ရာကနေ ထင်မှတ်မထားတဲ့ သွေး ပျက်ထိတ်လန့်စရာအဖြစ်အပျက်တွေ စတင်ခဲ့တာကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစား ကြရမှာ ဖြစ်ပါတယ်။ ဒီအရုပ်ကလေးက သာမန်အရုပ်တရုပ်မဟုတ်ပဲ မကောင်းဆိုးဝါး ၀ိ ဥာဉ်ပူးကပ်ခံ နေရတဲ့ အရုပ်ကလေး ဖြစ်နေတဲ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲ။ Hi, I’m Chucky ! ဆိုတဲ့ သွေးအေးအေးနဲ့ ကြောက်စရာ အရုပ်ကလေးရဲ့ အသံကို ကြား လိုက်တာနဲ့ ကြက်သီး မွေးညင်းထစရာကောင်းတဲ့ ခံစားချက်မျိုးကို ခုကားထဲမှာ ဘယ်လို ပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် ဆယ်ကျော်သက်ကောင်လေး Andy အ ဖြစ် အမေရိကန် ကလေးသရုပ်ဆောင် Gabriel Bateman က သရုပ်ဆောင်ထားပြီး မိ ခင်ဖြစ်သူနေရာမှာတော့  Aubrey Plaza က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ မ ကောင်းဆိုးဝါးအရုပ်ကလေး Chucky နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်း သား Mark Hamill က အသံနဲ့ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်း တွေ၊ သွေးထွက်သံယိုပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ် အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ် မှတ်ထားပါတယ်။ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ် ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၇ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်တာမို့ Horror ရုပ်ရှင်ကြိုက် ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တာကတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ ဝေါ့ဒစ္စနေးက ထွက်ရှိလာတဲ့ Toy Story 4 ! ချစ်စရာကောင်းတဲ့ အရုပ်ကလေးတွေနဲ့ သရီးဒီကွန်ပျူတာ အန်နီမေးရှင်း ရုပ်ရှင် ကားတကား အနေနဲ့ ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက် တာ Josh Cooley က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ Toy Story ရုပ်ရှင်ကား Series တွေရဲ့ ၄ ကားမြောက် နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး Toy Story ရုပ် ရှင်ကိုတော့ ၁၉၉၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Toy Story 2 ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ Toy Story 3 ရုပ်ရှင်ကိုတော့ ၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တာမို့ ခုထွက် ရှိလာတဲ့ Toy Story 4 ကတော့ နောက်ဆုံးကားနဲ့ ၉ နှစ်အကြာမှာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ပိုင်ရှင်သစ်နဲ့ ပျော်ရွှင်စွာ နေနေပြီဖြစ်တဲ့ အဓိကဇာတ်ကောင် တွေဖြစ်ကြတဲ့ Woody၊ Buzz တို့နဲ့အတူ သူတို့သူငယ်ချင်း အရုပ်လေးတွေရဲ့ ဘဝ အ သစ်အကြောင်းတွေကို ရှုစားကြရမှာပါ။ သူတို့ရဲ့ပိုင်ရှင်သစ် Bonnie ဟာ ပလတ်စတစ် ခက်ရင်းကို အရုပ်အဖြစ်ကစားပြီး Forky လို့ နာမည်ပေးထားတယ်။ သူတို့နဲ့ သူငယ်ချင်းအသစ် Forky တို့ဟာ ခရီးသွားတဲ့ လမ်းတလျှောက် ကြုံတွေ့ ကြရတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားပါတယ်။ ဒီကားထဲမှာ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြ တဲ့ Tom Hanks၊ Tim Allen၊ Keanu Reeves တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အ များကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန် ကာလတွေကတည်းက ကလေးတွေရဲ့ စိတ်ကြိုက်ဇာတ်ကောင် တွေနဲ့ Toy Story 4 ရုပ်ရှင်ကားဟာ ဒီတခါမှာလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ဦး မလား ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Youtube ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ လက်ရှိအချိန်ထိ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄၅ သန်းကျော်ရှိနေခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 8.9 အထိ ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လူကြီးလူငယ်မရွေး ဘယ်အသက်အရွယ်မဆို ကြည့်ရှုနိုင် တဲ့ Movie Rating G အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၁ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ချစ်ပရိသတ်တွေကို မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားက တော့ ထူးထူးခြားခြား ကိုရီးယားသည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ကားတကားဖြစ်တဲ့ The Gandster, the Cop, the Devil ! ဒီကားကိုတော့ ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Lee Won-tae က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး B.A Entertainment ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံအား ပေးမှုနဲ့ ၀င်ငွေစံချိန်တင်ရရှိခဲ့တဲ့ နာမည်ကြီး Train to Busan ရုပ်ရှင်ကားနဲ့ နာမည်ကြီးခဲ့ တဲ့ သရုပ်ဆောင်မင်းသား Ma Dong-seok က ခေါင်းဆောင်ပါဝင်ထားခဲ့တာပါ။ Cheonan မြို့ကလေးမှာ အခြေတည်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်နေခဲ့တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားကြတဲ့ အ ကြောင်းကို ရိုက်ကူးထားခဲ့တာပါ။ ဆက်တိုက်လိုဖြစ်လာနေတဲ့ လူသတ်မှုတွေရဲ့ တရား ခံဟာ တဦးတည်းဖြစ်တယ်ဆိုတာကို တာဝန်ကျ ရဲတဦးဖြစ်တဲ့ Tae-Suk က သိလာခဲ့ တယ်။ တကြိမ်မှာတော့ လူဆိုးဂိုဏ်းခေါင်းဆောင်တဦးဖြစ်တဲ့ Dong-soo ဟာ သံသယ ဖြစ်စရာ ကောင်းတဲ့ တိုက်ခိုက်မှုခံခဲ့ရပြီး သီသီလေး လွတ်မြောက်သွားခဲ့တယ်။ ဒီတိုက် ခိုက်မှုရဲ့ တရားခံက ကွင်းဆက်လူသတ်သမားဖြစ်နေပြီး သူ့ကိုသိနေပြီး လွတ်မြောက် နေတဲ့သူက လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ ရဲနဲ့ လူ ဆိုးဂိုဏ်းခေါင်းဆောင် ပူးပေါင်းမိပြီး လူသတ်သမားကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားမှုက ရော အောင်မြင်ပါ့မလားဆိုတာတွေကို ဒီကားထဲမှာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား Ma Dong-seok နဲ့အတူ တ ခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Kim Mu-yeol နဲ့ Kim Sung-kyu တို့ကလည်း အတွဲ ညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival ရဲ့ Midnight Screenings ကဏ္ဍမှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 6.7 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတ ကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး အမေရိကန်မှာတော့ ဇွန်လ ၇ ရက်နေ့မှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာရုပ်ရှင် ကားတကားဖြစ်တဲ့ နှစ်ပတ်အလို ! ဒီရုပ်ရှင်ကားကတော့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်တဲ့ နှစ်ပတ်အလိုကို ရုပ်ရှင်အနေနဲ့ သူကိုယ်တိုင်ပဲ ဒါရိုက်တာအဖြစ် အသက်သွင်းပုံဖော် ရိုက်ကူးခဲ့တာဖြစ်ပြီး Film House ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ပြေတီဦး၊ ကျော်ကျော်ဗို၊ ၀တ်မှုံရွှေရည်၊ အေးမြတ်သူ တို့ နဲ့အတူ တခြားနာမည်ကြီး သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားခဲ့ကြတာဖြစ်ပါ တယ်။ ဇာတ်လမ်းကတော့ စက်ရုံတရုံကို ဘဏ်မှာ  အပေါင်ခံထားတဲ့အတွက် နှစ်ပတ် အတွင်း ပြန်မရွေးနိုင်ခဲ့ရင် ချိတ်ပိတ်ခံရမှာ ဖြစ်တဲ့အတွက် ဇာတ်ကားတကားလုံးကို နှစ် ပတ်အလိုမှာ ဖြစ်ပျက်မယ့် အကြောင်းအရာတွေအပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီကန့်သတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ဘာတွေဖြစ်လာမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာဖြစ်ပြီး ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်နေရာ တွေက ပါဝင်ထားကြမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းဦး၊ ရဲအောင်၊ မျိုးသန္တာထွန်း၊ ချိုပြုံးစတဲ့ သရုပ်ဆောင်တွေကလည်း အားဖြည့် ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကားရဲ့ နာမည်ကြောင့် ကော်ပီကားတကားဖြစ်နေတယ်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ဒါရိုက်တာ မောင်မျိုးမင်းကတော့ ငြင်းဆိုထားပြီး ဒီဝတ္ထုကို အ ချိန် ၁၅ လလောက် ကြာအောင် ရေးခဲ့ရတယ်လို့ မီဒီယာတွေကို ဖြေကြားထားခဲ့တာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို Facebook ပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟင်ဒီစ ကားပြော အိန္ဒိယ ရုပ်ရှင်ကားတကားဖြစ်တဲ့ Kabir Singh ! အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အိန္ဒိယ ရုပ်ရှင်ထုတ်လုပ် ရေးကုမ္ပဏီ Cine1 Studios  နဲ့ T-Series တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒါ ရိုက်တာ Sandeep Vanga က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Sandeep Vanga ကပဲ ရိုက်ကူးခဲ့တဲ့ Telugu ဘာသာစကားပြော Arjun Reddy ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့ တာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိက ဇာတ်ကောင် Kabir Singh ဟာ ဆရာဝန်တယောက်ဖြစ်ပြီး ချစ်သူကောင်မလေးက တခြားအမျိုးသားတယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခံရပြီး ကွဲ ကွာရချိန်မှာ သူ့ကိုယ်သူ မထိန်းနိုင်ပဲ အရက်သောက်၊ မူးယစ်ဆေးစွဲ၊ ပေတေလေလွင့်တဲ့ သူတယောက်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘ၀ကိုသူ အပျက်စီးခံပေမယ့် ဆေးပညာရပ်ဆိုင်ရာ သူ့ရဲ့ Profession အပေါ်မှာတော့ လေးစားစိတ်နဲ့ တကန့်စီထားရှိပြီး စိတ်ခံစားမှုကြောင့် ကောင်းဆိုး ၂ တန်ဖြစ်တတ်တဲ့ သဘောသဘာဝတွေကိုပါ မီးမောင်းထိုး ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ အိန္ဒိယ သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်တဲ့ Shahid Kapoor နဲ့ Kiara Advani တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ အချစ်၊ အလွမ်း၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကား ထဲမှာတော့ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဇာတ်ဝင်တေး ၉ ပုဒ်အ ထိ ထည့်သွင်းထားခဲ့တာပါ။ ပြီးခဲ့တဲ့ ရုံတင်ဇာတ်ကား Arjun Reddy ရုပ်ရှင်ဟာ ရုံတင်ဝင်ငွေ စံချိန်တင်ရရှိ ခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားကိုလည်း ပရိသတ်တွေက စိတ်ဝင်စားမှုတွေ မြင့်တက်နေကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ တလအ တွင်း ၀င်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၅၄ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၅၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
2 years Ago
More News
Up