နှစ် ၁ သောင်း သက်တမ်းရှိ ခြင်္သေ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

November 1, 2015

နှစ် ၁ သောင်း သက်တမ်းရှိ ခြင်္သေ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

ရုရှားကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေဟာ နှစ် ၁ သောင်း သက်တမ်းရှိ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ခြင်္သေ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဆိုက်ဗေးရီးယား ပြည်နယ်၊ ယာကူရှာမြို့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ယာကူရှာသိပ္ပံအကယ်ဒမီက ပကတိအကောင်းအတိုင်းတွေ့ရှိရတဲ့ ဒီကျောက်ဖြစ် ရုပ်ကြွင်းတွေဟာ အလယ်ခေတ်နှောင်းပိုင်း ယူရေးရှားတိုက်မှာ ကျက်စားခဲ့ကြတဲ့ အာဖ ရိကန်-အာရှ ခြင်္သေ့ အမျိုးအစားတွေဖြစ်တယ်လို့ ဆိုက်ဗေးရီးယားတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီအရပ်မှာပဲ အရင်က တိရစ္ဆာန်ရုပ်ကြွင်း အပိုင်းအစတွေကို တွေ့ရှိခဲ့တာမို့ ခု ထပ်မံတွေ့ရှိမှုဟာ ပြိုင်ဘက်ကင်းရှာဖွေတွေ့ရှိမှု ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်းလောက်မှာ နေထိုင်ကျက်စားခဲ့ကြတဲ့ တိရစ္ဆာန်တွေကို စူးစမ်းလေ့လာမှုတွေ ပြုလုပ်ရာမှာ အကူအညီပေးနိုင်လိမ့်မယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ပြောပါတယ်။ ခုတွေ့ရှိရတဲ့ ဂူအောင်းခြင်္သေ့တွေဟာ အမေရိကန်ကျားသစ်နက်အမျိုးအစား ဖြစ်ပြီး တစတစ ပြောင်းလဲလာပုံရကာ ဥရောပမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇ သိန်းလောက်က စတင်ပေါက်ဖွား နေထိုင်ခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - CCTVNews  
6 years Ago
Up