နှစ်သစ်ကူးည

January 1, 2019

နှစ်သစ်ကူးည မန္တ​လေးတွင် နေအိမ် ၁၇ လုံး မီးလောင်၊ လူ ၁၈၀ ခန့်မီးဘေးသင့်

မန္တလေးတိုင်း​ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်​သာယာရပ်​ကွက်​ ၅၇ လမ်းနဲ့ ၅၈ ကြားမှာ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက နေအိမ် ၁၇ လုံး မီးလောင်ခဲ့ပါတယ်​။ ကန်​သာယာရပ်​ကွက်​ အကွက်​ ဗ-၈ အိမ်​အမှတ်​ ၁၂၆ ​ဒေါ်ငယ်​ (၆၂ နှစ်)​ရဲ့နေအိမ်မှာ ခြင်​ဆေး​ခွေ ထွန်းရာက​နေပြီး မီးစတင်​​လောင်​ကျွမ်းခဲ့တာပါ။ နေအိမ်မီးထဲပါသွားတဲ့ ဒေါ်​ဌေးက​  “မီး၊ မီး၊ မီးဆို​တော့ ကျမလည်းထကြည့်မိတယ်​။ ဒါ​ပေမယ့် ကျမတို့ အရမ်း​နောက်​ကျ​နေပြီ​။ မီး​တောက်​ကြီး​တွေကလည်း မြန်​လိုက်​တာ၊ တမဟုတ်​ချင်းကို တအိမ်​နဲ့ တအိမ်​ကူး​နေတာ၊ အိမ်​က ကပ်​​နေ​တော့ ဘာပစ္စည်းမှကို မရလိုက်​ဘူး”လို့ ပြောပါတယ်​။ နေအိမ် ၁၇ လုံးကို မီးကူးစက်လောင်ပြီး စုစုပေါင်း မီးလောင် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၈၆၇၅၀၀၀ ရှိတယ်​လို့ မန္တ​လေးတိုင်း ခရိုင်​မီးသတ်တပ်ဖွဲ့က ထုတ်​ပြန်​ပါတယ်​။ လတ်တလော မီးဘေးသင့် အိမ်ထောင်စု ၄၀ ကျော်နဲ့ လူဦးရေ ၁၈၀ နီးပါးကို ရပ်ကွက်ဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စောင့်ရှောက်​ထားပါတယ်​။ မီးစတင်ေ​လာင်ခဲ့တဲ့ အိမ်ပိုင်ရှင်ေ​​ဒ်ါငယ်ကို ချမ်းမြသာစည်မြို့နယ်​၊ အောင်​ပင်​လယ်​ရဲစခန်း​က  ရာဇသတ်ကြီး ပုဒ်​မ ၂၈၅ မီးပေါ့ဆမှုနဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်​။
3 years Ago

January 1, 2017

မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုကြသည့် ကမ္ဘာတလွှား နှစ်သစ်ကူးည မြင်ကွင်းများ (ရုပ်သံ)

၂၀၁၆ ခုနှစ် ကုန်ဆုံးခဲ့ပြီး နောက်တနှစ်ကူးပြောင်းခဲ့တဲ့ အခါသမယမှာ ကမ္ဘာတလွှား နိုင်ငံတွေအသီးသီးဟာ နှစ်သစ်ကူးအကြို ပွဲတော်တွေကို ခမ်းခမ်းနားနား ပြုလုပ်ခဲ့ကြပါတယ်။ ဒီရုပ်သံဗွီဒီိယိုဖိုင်ထဲမှာတော့ ဘီဘီစီသတင်းဌာနက တင်ဆက်ထားခဲ့တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းတွေကို ရှုစားကြရမှာပါ။ နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားလို အရှေ့အာရှနိုင်ငံတွေကအစ ကျွန်းနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေနဲ့ ဥရောပနဲ့ အမေရိကနိုင်ငံတွေထိ နှစ်သစ်ကူးပွဲတော်ကို ဘယ်လိုဆင်နွှဲခဲ့ကြသလဲဆိုတာကို တွေ့နိုင်မှာပါ။ နယူးဇီလန်နိုင်ငံ အောက်က်လန်ပြည်နယ်၊ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၊ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၊ ဟောင်ကောင်မြို့၊ ထိုင်ဝမ်၊ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့၊ ရုရှားနိုင်ငံ မော်စကိုမြို့၊ အီဂျစ်နိုင်ငံ၊ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၊ ဂျာမနီနိုင်ငံ ဘာလင်မြို့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ အီဒင်ဘတ်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွေမှာ ဆင်နွှဲခဲ့ကြတဲ့ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်ဖောက်ကြိုဆိုကြတဲ့ မြင်ကွင်းတွေကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။
5 years Ago

နှစ်သစ်ကူးည ဂျပန်နိုင်ငံတဝန်း ဘုန်းတော်ကြီးကျောင်းများတွင် အထူးစည်ကား (ဓာတ်ပုံ)

ဒီဇင်ဘာ ၃၁ ရက်ညက ဂျပန်နိုင်ငံတဝန်း ဘုန်းတော်ကြီးကျောင်းတွေမှာ နှစ်သစ်ကူးဆုတောင်း ရှိခိုးခြင်းတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အကုန် ည ၁၂ နာရီအတိမှာ ဘုန်းတော်ကြီးတွေက ခေါင်းလောင်းစည်များထိုးကာ ဂျပန်ရိုးရာ ဆုတောင်းမှုတွေ ပြုလုပ်ကြပြီး ကျန်းမာသန်စွမ်းဖို့နဲ့ အန္တရာယ်ကင်းစေဖို့ ဂျပန်ရိုးရာ ကောက်ညှင်းစားခြင်း၊ ဆာကေးအရက်သောက်ခြင်း၊ အသက်ရှည်ဖို့ ဂျပန်ဆိုးဘ ခေါက်ဆွဲတွေစားခြင်း ပြုလုပ်ကာ နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်
5 years Ago
Up