နျူကလီးယားဒုံးကျည်

June 5, 2019

နျူကလီးယားဒုံးကျည် အစီအစဉ် လျှော့ချရန် အမေရိကန်ကြိုးပမ်းမှု အောင်မြင်မည်မဟုတ်ဟု အီရန်ခေါင်းဆောင် ပြော

အီရန်အစိုးရရဲ့ နျူကလီးယားဒုံးကျည် အစီအစဉ်ကို လျှော့ချဖြတ်တောက်ဖို့ ကြိုးစားတဲ့ အမေရိကန်ရဲ့ ကြိုးပမ်းမှု ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဇွန်လ ၄ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညှိနှိုင်းဖို့ ကမ်းလှမ်းတာကိုလည်း ပြစ်တင် ပြောဆိုပါတယ်။ "ကာကွယ်ရေးနဲ့ စစ်ရေးကြိုးဝိုင်းထဲမှာ ကျေန်ာတို့က ကိုယ့်ရန်သူကို ဟန့်တားနိုင်တဲ့ အဆင့်ကို ရောက်ခဲ့ပြီးပြီ။ သူတို့က ကျနော်တို့ရဲ့ ဒုံးကျည်အစီအစဉ်ကို လျှော့ချဖို့ အခိုင်အမာ ပြောနေတယ်။ ဒီစွမ်းရည်ကို လျှော့ချစေချင်နေတယ်။ သူတို့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး" လို့ ခါမေနီက ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန်နဲ့ အီရန်တို့ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ နိုင်ငံတကာက အီရန်ကို ဒဏ်ခတ်မှု ပယ်ဖျက်ရေးအတွက် အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ၂၀၁၅ မှာ သဘောတူထားပါတယ်။ အဲဒီ သဘောတူညီချက်ကနေ အမေရိကန်က မနှစ်က နုတ်ထွက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား လက်ထက်က လက်မှတ်ထိုးခဲ့တဲ့ ဒီသဘောတူညီချက်ကိုလည်း လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချပါတယ်။ သဘောတူညီချက်အဟောင်းဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ် မပါသလို အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေအတွင်း အီရန်ရဲ့ အခန်းကဏ္ဍတွေလည်း မပါလို့ အပြစ်အနာအဆာများတယ်လို့လည်း ထရမ့်က ပြောပါတယ်။ သဘောတူညီချက် အသစ်အတွက် ညှိနှိုင်းဖို့ ထရမ့်က အီရန်ကို ဆော်သြခဲ့ပါတယ်။ ထရမ့်ရဲ့ဆော်သြချက်ကို တုံ့ပြန်တဲ့အနေနဲ့ ခါမေနီက အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်စွမ်းရည်ကို ပပျောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ အစိုးရရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။
2 years Ago

February 6, 2019

နျူကလီးယား ဒုံးကျည်သစ်များ ထုတ်လုပ်ရမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ပြော

နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဟာ ၂၀၂၁ ခုနှစ်မတိုင်မီ နျူကလီးယား ဒုံးကျည်သစ်တွေ ထုတ်လုပ်ရမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားဟာ စစ်အေးခေတ်နှောင်းပိုင်း ချုပ်ဆိုခဲ့တဲ့ နျူကလီးယားလက်နက် လျှော့ချရေးစာချုပ်ကို ယာယီဆိုင်းငံ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ သမ္မတ ပူတင်က ရုရှားအနေနဲ့ ဒုံးကျည်သစ်တွေ ထုတ်လုပ်ရမယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ရုရှား ကာကွယ်ရေးဝန်ကြီးက မြေပြင်ပစ် ခရုဇ်ဒုံးကျည်သစ်နဲ့ မြေပြင်ပစ် အသံထက်မြန်တဲ့ ဒုံးကျည်သစ်တွေကို ၂၀၂၁ ခုနှစ်မတိုင်မီ ထုတ်လုပ်သွားဖို့ စစ်ဘက်ကို ညွှန်ကြားခဲ့ပါတယ်။
2 years Ago
More News
Up