မြိတ်နှင့် ကျွန်းစုမှ ရေလုပ်သားများ မဲပေးခွင့် ဆုံးရှုံး

October 29, 2015

မြိတ်နှင့် ကျွန်းစုမှ ရေလုပ်သားများ မဲပေးခွင့် ဆုံးရှုံး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြိတ်နဲ့ ကျွန်းစုမြို့နယ် ဒေသတွေက သောင်းနဲ့ချီတဲ့ ရေလုပ်သားတွေ မဲပေးခွင့် ဆုံးရှုံးနေပါတယ်။ ပင်ပြင်ကို လနဲ့ချီပြီး ငါးဖမ်းထွက်ရမှာ ဖြစ်တဲ့အတွက် ရေလုပ်သား အများစုဟာ မဲပေးချင်ပေမယ့် ရွေးကောက်ပွဲနေ့မှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေတွေကို ဆိပ်ကမ်းကပ်ခွင့်ပေးမှာ မဟုတ်တာကြောင့် ရေလုပ်သားတွေ မဲပေးခွင့် ဆုံးရှုံးနေတာပါ။ နိုင်ငံသားတိုင်း တန်းတူအခွင့်ရေး မဲပေးခွင့်ရှိပေမယ့် ရေလုပ်သားများစုက မဲပေးခွင့်တွေ ဆုံးရှုံးနေတာကြောင့် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးလိုကြောင်း မြိတ်ကျွန်းစု ပင်လယ်ပြင်ကို ထွက်ခွာဆဲ ရေလုပ်သားတွေက ပြောကြားပါတယ်။ ဓာတ်ပုံ - ဇော်ဇော် (မြိတ်)  
6 years Ago
Up