ဗြိတိန်

July 27, 2019

ဗြိတိန်တွင်နေ့အပူချိန်မြင့်တက်၊ ပင်ဂွင်းငှက်များအတွက် ရေပန်းများတပ်ဆင်

ဗြိတိန်နိုင်ငံတ၀န်းမှာ နေ့အပူချိန်မြင့်တက်နေတာကြောင့် ဥယျာဉ်ပန်းခြံတွေမှာ အပူရှောင်သူတွေ စည်ကားနေတဲ့အပြင် တိရစ္ဆာန်ရုံတွေမှာလည်း ပင်ကွင်းငှက်တွေကို အပူဒဏ်ကာကွယ်ဖို့ ရေပန်းတွေ တပ်ဆင်ပေးထားပါတယ်။ ဗြိတိန်နိုင်ငံတလွှားမှာ ဇူလိုင် ၂၅ ရက်နေ့က နေ့အပူချိန်မြင့်တက်နေတာကြောင့် အများပြည်သူဆိုင်ရာ ပန်းခြံဥယျာဉ်တွေမှာ အပူရှောင်သူတွေနဲ့ စည်းကားနေပါတယ်။ ဗြိတိန်နိုင်ငံမှာ ဇူလိုင်လအတွင်း အမြင့်ဆုံး နေ့အပူချိန် ၃၆ ဒဿမ ၉ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်တက်နေတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ ရာသီဥတုအခြေအနေရ  တနိုင်ငံလုံးရဲ့ အမြင့်ဆုံး အပူအချိန် ၃၈ ဒဿမ ၅ ဆဲလ်စီးယပ်ကို စံချိန်ချိုးနိုင်တဲ့ အလားအလာရှိတယ်လို့ည်း မိုးလေဝသဌာနက ပြောပါတယ်။   နိုင်ငံတောင်ပိုင်း ဘရစ်စတိုမြို့က တိရစ္ဆာန်ရုံမှာ အပူဒဏ်ကာကွယ်အောင်  ပင်ကွင်းအုပ်တွေ နေထိုင်တဲ့ နေရာမှာ ရေပန်းတွေ တပ်ဆင်ထားပြီး ကြက်တူရွေးတွေကိုလည်း ရေခဲတုံးတွေထဲ အစာထည့်ကျွေးခဲ့ကြပါတယ်။ ဘရစ်စတို တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေကလည်း အပူချိန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို ပြောပြခဲ့ကြပါတယ်။ “နေရောင်ဒဏ်ကာကွယ်တဲ့ suncream များများလိမ်း၊ ရေများများသောက် ပြီးရင် အရိပ်ထဲမှာ အနားယူပြီး အပန်းဖြေလိုက်ပါ။” ဘရစ်စတို တိရစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတဦးကပြောပါတယ်။ ဗြိတိန်သာမက လက်ရှိ ဥရောပတလွှား နိုင်ငံတွေမှာ  အပူလှိုင်းအဆင့် မြင့်တက်နေပါတယ်။ ဥရောပဒေသမှာ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းတွေ ပုံမှန်ထက်စောပြီး ဖြစ်လာတဲ့အပြင် ပိုပြီးလည်း ပြင်းထန်လာတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က သတိပေးထားပါတယ်။
2 years Ago

July 26, 2019

ဗြိတိန်အလံလွှင့် သင်္ဘောအားလုံးကို အစောင့်လိုက်ပါရန် စစ်သင်္ဘောတစီး စေလွှတ်

ဗြိတိန် ရေနံတင်သင်္ဘောကို အီရန်အစောင့်တပ်က ဖမ်းဆီးပြီးနောက် ဗြိတိန်အလံလွှင့် သင်္ဘောအားလုံးကို အစောင့်လိုက်ပါဖို့ ဗြိတိန်က စစ်သင်္ဘောတစီး စေလွှတ်လိုက်ပါတယ်။ ဒါဟာ ဗြိတိန်အစိုးရ မူဝါဒပိုင်းမှာ ပြောင်းပြန်ဖြစ်သွားတာပါ။ အစောပိုင်းက ဗြိတိန်ဟာ အဲဒီလိုစောင့်ကြပ်ဖို့ စစ်သင်္ဘော အလုံအလောက်မရှိဘူးဆိုပြီး ပြောထားပါတယ်။ ဇူလိုင် ၂၅ ရက်နေ့က ဗြိတိန်စစ်သင်္ဘော HMS မွန်ထရို့စ်ဟာ မူဝါဒသစ်အရ စတီနာ အင်ပေါတန့်နဲ့ စီးပလိုး သင်္ဘောနှစ်စီးအတွက် စောင့်ကြပ်ရေးတာဝန်ကို စတင်ထမ်းဆောင်နေပါတယ်။ ဇူလိုင် ၁၉ ရက်နေ့တုန်းက ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်အလံလွှင့် ရေနံတင်သင်္ဘော စတီနာ အင်ပယ်ရိုကို အီရန်ကွန်မန်ဒိုတွေက စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန် မရိမ်းတပ်ဖွဲ့တွေ စီးနင်းဖမ်းဆီးပြီးနောက်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
More News
Up