ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်

May 16, 2019

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပိုမိုပါဝင်ရေး ကရင်နီအမျိုးသမီးများတောင်းဆို

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပိုမိုပါဝင်ခွင့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ကရင်နီ အမျိုးသမီးများညီလာခံကနေ ထွက်ရှိလာတဲ့ ဆွေးနွေးသုံးသပ်ချက်၊ တောင်းဆို ချက်တွေကို သက်ဆိုင်ရာထံ တင်ပြတောင်းဆိုသွားမယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ကရင်နီ အမျိုးသမီးများညီလာခံကို မေလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ၃ ရက်ကျင်းပခဲ့တာဖြစ်ပြီး ကယားပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်အပြင် ရှမ်းကယားနယ်စပ်က ဒေသခံကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံကနေ ထွက်ရှိလာတဲ့အချက်တချို့နဲ့ပတ်သက်ပြီး ကရင်နီအမျိုးသမီးအစည်း အရုံး အထွေထွေအတွင်းရေးမှူး မမီးမီးက “အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိပ္ပါယ် ပြည့်ဝစွာ ပိုမိုပါဝင်နိုင်အောင် ဘယ်လိုဗျူဟာတွေနဲ့ သွားကြမလဲဆိုတဲ့ဟာကို ဆွေးနွေးတာတွေ ရယ်၊ တက်လာတဲ့ လူထုတွေပေါ့နော်။ အမျိုးသမီးထုတွေရော အမျိုးသားလည်းပါတယ်။  သူတို့ တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းကို သူတို့လည်း သိသွားတာပေါ့။ update ကို သိသွား ကြတယ်။ တချို့ကျတော့လည်းတခါမှတောင် မကြားဖူးကြဘူး။ ဖက်ဒရယ်ဆိုတာ သေနတ်လား အဲလိုမျိုးမေးတာတွေလည်းရှိတော့ အဲဒါအကြောင်းကိုလည်း သူတို့ သိသွားတာပေါ့နော်။ ” ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာစေဖို့၊  မူဝါဒရေးဆွဲရာမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ၊ စိန်ခေါ်မှုတွေရဲ့ အခြေခံအကြောင်းတရးတွေကို ဖြေရှင်းပေး နိုင်တဲ့ မူဝါဒတွေဖြစ်ပေါ်လာစေဖို့၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ကျား၊ မရေးရာ ကိစ္စ တွေကို အလေးထားတဲ့ မူဝါဒ ဖြစ်ပေါ်ပေါ်လာစေဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက သုံးသပ်ဆွေးနွေးခဲ့ကြ ပါတယ်။ ဒီညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက်ကို မမီးမီးက “အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုပါဝင်လာပြီးတော့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာ ပါဝင်လာနိုင်အောင်လို့၊ နောက် တခါကျတော့ အမျိုးသမီးတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေပေါ့နော်။ မငြိမ်းချမ်း၊ မလုံခြုံတဲ့အခြေအနေတွေသိရှိပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မူဝါဒတွေ ချမှတ်တဲ့နေရာမှလည်း အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်လာတော့မှပဲ ပြီးပြည့်စုံတဲ့ မူဝါဒတွေ ဖြစ်မှာမို့လို့ အမျိုးသမီးတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ လူဦးရေထက်ဝက်ကျော်ရှိတဲ့ သူတို့ရဲ့အသံ လည်းပါဖို့လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့နော်”  လို့ ပြောပါတယ်။ ညီလာခံမှာ ဆွေးနွေးချက်တွေအပြင် အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ ဗျူဟာ ၈ ချက်ကိုလည်း ချမှတ်နိုင်တဲ့ပြီး အဲဒီဗျူဟာတွေကို မိမိကိုယ်တိုင်အပြင်  သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စည်းရုံးလှုံ့ဆော် သွားမည်လည်း ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၁၄ ရက်က ကယားပြည်နယ်မှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်ကို ပြည်နယ်အစိုးရက တုံ့ပြန်မှုဟာ ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးအတွက် ကရင်နီပြည်နယ် အမျိုးသမီးများညီလာခံကို မေလ ၁၃ ရက် ကနေ ၁၅ ရက်နေ့အထိ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ မောဒူဒီးဘိုးဟိုးရွာမှာ ကျင်းပ တာဖြစ်ပါတယ်။
2 years Ago

December 12, 2018

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်ပါမည်ဟု မြောက်ပိုင်း ၃ ဖွဲ့ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ပါဝင်သွားမယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့  ကိုးကန့် (အမ်အန်ဒီအေအေ)၊ တအာင်း (တီအန်အယ်လ်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ) တို့ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလိုထုတ်ပြန်လိုက်တာပါ။ ဒီတွေ့ဆုံသဘောတူရတာနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “၂၀၁၆ လောက်ကတည်းက ကျနော်တို့နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့တာပေါ့နော်။ အဲဒီတုန်းကတော့ မြန်မာ့တပ်မတော်ဘက်က ကျနော်တို့ကို ကြေညာချက်တစောင်ထုတ်ဖို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ လိုက်ပါဖို့အတွက်ပေါ့နော်။ အဲဒီကတည်းက ကျနော်တို့ စကားလုံးတလုံး ညှိမရတာနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုက ရပ်သွားသလို ဖြစ်သွားတာပေါ့။ အခု ၂၀၁၈ ခုနှစ်မှာ ပြန်လည်တွေ့ဆုံတော့ အခုနဲ့ဆို ၃ ကြိမ်ဖြစ်သွားပြီပေါ့နော်။ ဒီတွေ့ဆုံဆွေးနွေးမှုကိစ္စမှာ ကျနော်တို့ စကားလုံးကိုညှိနှိုင်းတယ်။ ဒီနေ့တော့ ဆွေးနွေးမှုထဲမှာ ကြေညာချက်ကိစ္စကို ဆွေးနွေးညှိနှိုင်းတော့ နှစ်ဖက် သဘောတူညီမှုရသွားတယ်။ စကားလုံးတွေကို သဘောတူညီမှုရတယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ကျနော်တို့က ပူးပေါင်းပါဝင်လိုတဲ့၊ လိုက်ပါဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်ဆိုပြီးမှ ထုတ်ပြန်တာ” လို့ ပြောပါတယ်။ အစောပိုင်းက ညှိနှိုင်းလို့မရတဲ့ စကားလုံးကတော့ လက်နက်စွန့်ရမယ်ဆိုတဲ့ စကားလုံးက အဓိက တစ်ဆို့နေခဲ့ရာကနေ အဲဒီစကားလုံးကို မပါတော့တဲ့အတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လိုက်ပါဆောင်ရွက်ဖို့ သဘောတူညီတာလို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာလည်း “မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအား ဆောလျင်စွာဖော်ဆောင်နိုင်ရန်နှင့် ကောင်းမွန်သော ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်း လမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ ထို့အတူ မြန်မာ့တပ်မတော်ဘက်မှလည်း စစ်ပွဲများချုပ်ငြိမ်းစေရန်ဆောင်ရွက်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်။ မိမိတို့အနေဖြင့် ဤအခင်းအကျင်းအောက်တွင် နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း” ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ မြောက်ပိုင်း (၃) ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဆောင်ရွက်မယ့် ကြေညာချက်အပေါ် ၀မ်းသာကြိုဆိုကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ “ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါ။ ရှမ်းမြောက်က ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့လည်း မျှော်လင့်ချက် ကြီးစွာနဲ့ ကြိုဆိုနေကြမှာ ဖြစ်ကြောင်းလည်း အပြည့်အဝ ယုံကြည်မိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက်ပါဝင်သွားဖို့ ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဝမ်းမြောက်ဝမ်းသာ ဆန္ဒပြုလိုက်ရ ပါတယ်။” ဒီကနေ့ ပြုလုပ်တဲ့ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့နဲ့တွေ့ဆုံပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး အပါဝင် အဖွဲ့ဝင်တွေ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်နဲ့ UWSA ‘၀’ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
3 years Ago
More News
Up