ကြားဖြတ်ရွေးကောက်ပွဲ

June 3, 2019

အယ်လ်ဘေးနီးယားတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆို

အယ်လ်ဘေးနီးယားနိုင်ငံမှာ ဇွန် ၂ ရက်က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ စုဝေးပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ လွှတ်တော်အဆောက်အအုံထဲကို ဝင်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေဟာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို ဗျောက်အိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ လွှတ်တော်အဆောက်အအုံမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ မီးရှူးမီးပန်းတွေနဲ့ မျက်ရည်ယိုဗုံးတွေကြောင့် ဆန္ဒပြသူတချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။ အယ်လ်ဘေးနီးယား အတိုက်အခံပါတီတွေကို ထောက်ခံသူတွေဟာ လွန်ခဲ့တဲ့ ၄ လကတည်းက ဆန္ဒပြနေခဲ့ပြီး လက်ရှိအစိုးရအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ ၂၀၁၇ လွှတ်တော်ရွေးကောက်ပွဲက လိမ်လည်မှုတွေ ရှိနေတယ်လို့ အတိုက်ခံတွေက စွပ်စွဲခဲ့ကြပါတယ်။ ဒါ့ကြောင့် အတိုက်အခံပါတီတွေဟာ လွှတ်တော်မတက်တော့ဘဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေး ဖိအားပေးခဲ့ကြပါတယ်။ အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အီဒီရာမာကတော့ အတိုက်ခံတွေရဲ့ စွပ်စွဲချက်ကို ငြင်းခဲ့ပါတယ်။ အယ်လ်ဘေးနီးယား အစိုးရအနေနဲ့ မျှမျှတတဆောင်ရွက်ဖို့နဲ့ အတိုက်အခံတွေကလည်း လွှတ်တော်ထဲပြန်ဝင်ပြီး ဇွန် ၃၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က တိုက်တွန်းခဲ့ကြပါတယ်။
2 years Ago

November 8, 2018

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးအရေအတွက် စံချိန်တင် ရွေးကောက်ခံရ

၂၀၁၈ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးအရေအတွက် စံချိန်တင် ရွေးကောက်တင်မြှောက်ခံရပါတယ်။ မင်နီဆိုးတားနဲ့ မစ်ရှီဂန်ပြည်နယ် မဲဆန္ဒရှင်တွေဟာ ဒီမိုကရက် မွတ်ဆလင် အမျိုးသမီး နှစ်ဦးကို ကွန်ဂရက်မှာ တာဝန်ထမ်းဖို့ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ရွေးကောက်ခံရသူတဦးဟာ ဆိုမာလီယာ ပြည်တွင်းစစ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်ဟောင်း အီလန်အူမာဖြစ်ပြီး ကျန်တဦးကတော့ ဒက်ထရွိုက်မှာ မွေးဖွားတဲ့ ပါလက်စတိုင်း-အမေရိကန် ကပြား ရာရှီဒါတေလိတ် ဖြစ်ပါတယ်။ အလားတူ ရှရိဗ်ဒေးဗစ်နဲ့ ဒပ်ဟာလန်းဆိုတဲ့ ဒီမိုကရက် အမျိုးသမီးနှစ်ဦးဟာလည်း ပထမဆုံး ရွေးကောက်တင်မြှောက်ခံရတဲ့ ဌာနေတိုင်းရင်းသူ အမျိုးသမီးနှစ်ဦး ဖြစ်လာပါတယ်။ ဒီအတွက် ဒီမိုကရက်တွေဟာ သမ္မတ ထရမ့်ရဲ့ လုပ်ငန်းစဉ်ကို တားဆီးပြီး ထရမ့်အစိုးရကို ကြပ်ကြပ်မတ်မတ် စိစစ်သွားဖို့ရာ လမ်းပွင့်သွားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေ ဆက်လက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up