ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသည့် တရုတ်ကလေးထိန်းရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

November 13, 2015

ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသည့် တရုတ်ကလေးထိန်းရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ ၀မ်ကျိုးမြို့က မိခင်တဦးဟာ ကလေးငယ် ကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တဲ့ ကလေးထိန်းရဲ့အနီးကပ်စောင့်ကြည့်ရုပ်သံဗီဒီ ယိုဖိုင်ကို အင်တာနက်စာမျက်နှာပေါ်ထုတ်လွှင့်ခဲ့ချိန်မှာ အင်တာနက်သုံးစွဲသူ တရုတ်နိုင်ငံ သားတွေက ပြစ်တင်ဝေဖန်မှုတွေလုပ်ခဲ့ ကြပါတယ်။ ကလေးရဲ့မိခင်က “ကျမအဲဒီကလေးထိန်းကို တွေ့တုန်းက သူဟာကြင်နာတတ် မယ့်ပုံလို့ ခံစားခဲ့ရတယ်။ ဒါပေမယ့်တခါတရံမှာ သူ့ကိုကြည့်ရတာ ထူးဆန်းတယ်လို့ခံစား မိတဲ့အတွက် အိမ်မှာလျှို့ဝှက်ကင်မရာ တပ်ဆင်ထားပြီး အဖြစ်အပျက်တွေကို မှတ်တမ်း တင်ထားခဲ့တာပါ”လို့ စီစီတီဗွီသတင်းကိုပြောပါတယ်။ အနီးကပ်စောင့်ကြည့်ကင်မရာမှတ်တမ်းမှာ ကလေးငယ်ကို ကြမ်းကြမ်းတမ်း တမ်းဆက်ဆံတာကို မြင်လိုက်ရချိန်မှာ သူဟာဒေါသထွက်ပြီး အဲဒီကလေးထိန်းကို အ လုပ်ထုတ်ခဲ့တာပါ။ အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို တရုတ်နိုင်ငံလူမှုကွန်ရက်စာမျက်နှာ ဝေဘိုမှာတင်ခဲ့တာ ဖြစ်ပြီး တရုတ်အင်တာနက်သုံးစွဲသူတွေကြားမှာ ပုံစံမမှန်တဲ့ ကလေးထိန်းရဲ့အပြုအမူဟာ ဝေဖန်စရာဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ တအိမ်ထောင်မှာ ကလေး ၁ ဦးပဲ ယူရမယ်လို့ ဥပဒေသတ်မှတ်ပြီး နောက်မှာ သက်ကြီးရွယ်အိုတွေဦးရေဟာ တိုးလာခဲ့တာဖြစ်ကာ နိုင်ငံတ၀ှမ်း ကလေး ထိန်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာခဲ့တာပါ။ အခုလွှင့်တင်လိုက်တဲ့ ဗွီဒီယိုဖိုင်ကြောင့် ကလေးထိန်းတွေရဲ့လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ တာဝန်ရှိမှုတွေဟာ မီးမောင်းထိုးစဉ်းစားစရာဖြစ်လာခဲ့တယ်လို့ သတင်း ကဆိုပါတယ်။ ရုပ်သံ - စီစီတီဗွီ
5 years Ago
Up