ကြက်ငှက်တုပ်ကွေး

November 20, 2017

တောင်ကိုရီးယား ဘဲမွေးမြူရေးခြံတွင်း H5N6 ကူးစက်မြန် ကြက်ငှက်တုပ်ကွေး တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံမှ မွေးမြူရေးခြံတခြံထဲမှာ ကူးစက်မြန် H5N6 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘဲတွေကို တွေ့ရှိခဲ့ရတယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့က အတည်ပြု ပြောလိုက်ပါတယ်။ အဲဒီမွေးမြူရေးခြံဟာ ဆိုးလ်မြို့အနောက်တောင်ပိုင်း ကီလိုမီတာ ၂၇၀ အကွာ ဂိုချန်းဒေသမှာ တည်ရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဘဲကောင်ရေ ၁၂၀၀၀ လောက်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီနောက် အဆိုပါဘဲတွေကို သတ်ပစ်ခဲ့ရပြီး စိုက်ပျိုးရေးဝန်ကြီးဌာနက ကူးစက်မြန် H5N6 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်နဲ့ဆိုင်တဲ့ သတိပေးနှိုးဆော်ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တာပါ။ ကြက်ငှက်တုပ်ကွေးဖြစ်တဲ့ရာသီဟာ ဆောင်းဦးရာသီမှာ ဖြစ်ပေါ်လေ့ရှိပြီး တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ လူတွေဆီ ဒီဗိုင်းရပ်စ်ကူးစက်ပြီး သေဆုံးရတာမျိုးတော့ မရှိသေးပေမယ့် မွေးမြူရေးခြံတွေက ကြက်တွေ၊ ဘဲတွေကို သုတ်သင်မှုကြောင့် နိုင်ငံအဝှမ်း ကြက်ဥပြတ်လပ်မှုကတော့ စံချိန်တခုဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago

July 27, 2017

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ထားဝယ်တွင် အရေးပေါ်ကျောင်းပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ကြက်မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 တွေ့ရှိတဲ့အတွက် မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင် ၂၇ ရက်ေန့ကနေ ၃၁ ရက်နေ့အထိ အရေးပေါ်ပိတ်ထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ကြေညာပါတယ်။ ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မွေးမြူရေးကြက်ခြံတခြံမှာ ကြက်ထောင်ချီသေဆုံးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကူးစက်ရောဂါဖြစ်ပွားကြောင်း မြို့နယ် တိမွေးကုဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မြို့နယ်အတွင်းရှိ ကြက်ဥ၊ ကြက်သားရောင်းချခွင့် ပိတ်ပင်ထားပြီး မြို့နယ်အတွင်းက ကြက်မွေးမြူရေးခြံ ၆ ခြံကိုလည်း ရောင်းချခွင့်ပိတ်ပင်ထားပါတယ်။
4 years Ago
More News
Up