၆နှစ်ဆက်

July 17, 2020

၆နှစ်ဆက်တိုက် ဂိုးပေါင်း ၂၀ ကျော် သွင်းယူနိုင်ခဲ့သည့်အပေါ် ကျေနပ်ကြောင်း ဟယ်ရီကိန်း ဖွင့်ဟ

၆ နှစ်ဆက်တိုက် သွင်းဂိုး ၂၀ နဲ့အထက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်မိတယ်လို့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက ပြောပါတယ်။  ဟယ်ရီကိန်းဟာ နယူးကာဆယ်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲစုံမှာ ဂိုး ၂၀ ပြည့်ခဲ့သလို စပါးအသင်းအတွက်လည်း ဂိုး ၂၀၀ ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။  တစ်ရာသီအတွင်းမှာ ဂိုး ၂၀ သွင်းယူနိုင်တာက နှစ်သက်စရာဖြစ်ပြီး ဒီရာသီအထိ ၆ နှစ်ကြာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို လာမယ့်နှစ်တွေမှာလည်း ဒီစံချိန်ကို ဆက်ပြီး ထိန်းထားချင်တယ်လို့ ဟယ်ရီကိန်းကပြောပါတယ်။  အခုနှစ်ရာသီအတွင်း ဒဏ်ရာပြဿနာတွေရှိခဲ့တာကိုလည်း ဟယ်ရီကိန်းက ထောက်ပြခဲ့ပြီး လက်ကျန်ပရီးမီးယားလိဂ် ၂ ပွဲမှာ ဂိုးတွေရသလောက် သွင်းယူမယ်လို့လည်း ဟယ်ရီကိန်းက ပြောပါတယ်။  ၂၀၁၂ခုနှစ်မှာ စပါးအသင်းကြီးနဲ့အတူ တစ်ပွဲ ကစားခွင့်ရခဲ့တဲ့ ဟယ်ရီကိန်းဟာ ၂၀၁၄ ခုနှစ်ကစပြီး အဓိက တိုက်စစ်မှူးဖြစ်လာခဲ့တာပါ။  ၂၀၁၇-၂၀၁၈ ရာသီက စုစုပေါင်း ၄၁ ဂိုးအထိသွင်းခဲ့ပြီး ဒီရာသီမှာ ၂၁ ဂိုးသွင်းယူထား တာက ၂၀၁၄ နောက်ပိုင်း အနည်းဆုံးအရေအတွက်ဖြစ်ပါတယ်။
11 months Ago
Up