၅ ဦး သေဆုံး

January 22, 2021

 အိန္ဒိယရှိ အကြီးဆုံးကာကွယ်ဆေးထုတ်စက်ရုံ မီးလောင်၊ လူ ၅ ဦး သေဆုံး

အိန္ဒိယအနောက်ပိုင်းက ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်စက်ရုံမှာ ဇန်နဝါရီ ၂၁ ရက်က မီးလောင်လို့  လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။   ပူနေးမြို့ က  Serum Institute  ရဲ့ တည်ဆောက်ဆဲအဆောက်အအုံ တစ်ခုမှာ မီးစလောင်ခဲ့တာပါ။ နောက်ပိုင်းမှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့  လူ ၅ သေဆုံးခဲ့တယ်လို့ ပူနေးမြို့တော်ဝန်က အတည်ပြု ပြောပါတယ်။  "ဒီလိုအရေးပေါ်အခြေအနေတွေကို ဖြေရှင်းဖို့ ထုတ်လုပ်ရေးအဆောက်အအုံ အများအပြား အရန် ထားရှိတာကြောင့် ပြည်တွင်းမှာ  Covishield လို့ လူသိများတဲ့  အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေးကို မထိခိုက်ပါဘူး"လို့ Serum Institute စီအီးအို  အက်ဒါ-ပူနာဝါလာက ပြောပါတယ်။  မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ 
5 months Ago

October 11, 2020

ပြင်သစ်တွင် လေယာဉ်အသေး ၂ စီး တိုက်မိပျက်ကျသဖြင့် ၅ ဦး သေဆုံး

ပြင်သစ်နိုင်ငံအနောက်ပိုင်းမှာ အောက်တိုဘာ ၁၀ ရက်က လေယာဉ်အသေး ၂ စီး လေထဲမှာ တိုက်မိပျက်ကျလို့ လူ ၅ ယောက် သေဆုံးပါတယ်။  လိုချက်စ်မြို့ထဲက လမ်းဘေးတွေမှာ မီးလောင်ထားတဲ့ အပျက်အစီးတွေကို မျက်မြင် သက်သေတွေက ရုပ်သံရိုက်ကူးထားပါတယ်။  လူ ၂ ယောက်ကို တင်လာတဲ့ မိုက်ခရိုလိုက်ထ်လေယာဉ်က ကမ္ဘာလှည့်ခရီးသည် ၃ ယောက်ကို တင်လာတဲ့ ဒိုင်းမွန်း DA40 လေယာဉ်နဲ့ တိုက်မိ ပျက်ကျခဲ့တာပါ။  လေယာဉ်  ၂ စီးလုံးက ခရီးသည် ၅ ဦးစလုံး သေဆုံးတယ်လို့ ဒေသခံအရာရှိတွေက ပြင်သစ် မီဒီယာကို ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရဲက အမှုဖွင့် ထားပါတယ်။  
8 months Ago
Up