၃၉ သန်း

October 16, 2020

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်ခံရသူ ၃၉ သန်းကျော်ရှိလာပြီး အမေရိကန်၊ ရုရှားနှင့် အိန္ဒိယက အများဆုံးဖြစ်

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ လက်ရှိအချိန်ထိ ၃၉ သန်းကျော်နဲ့ သေဆုံးသူက ၁ ဒသမ ၁ သန်း ကျော်ရှိပြီလို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၈ သန်းကျော်နဲ့ သေဆုံးသူ ၂၂၂,၇၂၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၁၁၂,၂၁၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁၅၂,၅၁၃ ယောက်နဲ့ ထိပ်ဆုံးမှ အသီးသီးရပ်တည်နေပါတယ်။ လတ်တလောမှာတော့ အဲဒီနိုင်ငံ ၃ နိုင်ငံပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူဦးရေဟာ ကမ္ဘာတဝန်း ရောဂါကူးစက်ခံရသူစုစုပေါင်းဦးရေရဲ့ ထက်ဝက်ကျော်လောက် ရှိနေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၂၃,၇၂၃ ယောက်နဲ့ ရပ်တည်နေပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၆၄၆ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၅၂ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၅၁၇,၈၃၅ ယောက်၊ ၄၁၆,၈၀၂ ယောက်၊ ၃၈၄,၅၅၉ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ  ၃၅၃,၄၆၁ ယောက်၊ သေဆုံးသူ ၁၂,၃၄၁ ယောက်၊ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၃၅၁,၇၅၀ ယောက်နဲ့ သေဆုံးသူ ၆,၅၃၁ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၉၀၁ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူဦးရေ ၃၂,၃၅၁ ယောက်၊ သေဆုံးသူ ၇၆၅ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၈,၁၂၉ ယောက်နဲ့ သေဆုံးသူ ၁၇၀ ယောက်ရှိပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၆၆၉ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူ ထပ်တိုး မလာဘဲ ၅၉ ယောက်ရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၁၂၄ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၄၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၈၃ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။  
8 months Ago
Up