၃လခန့်အနားယူ

July 29, 2021

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၏ ပခုံးဒဏ်ရာ ခွဲစိတ်ကုသရလျှင် ၃လခန့်အနားယူရနိုင်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသသွားရဖို့ရှိပြီး ၃ လလောက် အနားယူရနိုင်တယ်လို့ သိရပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ပခုံးဒဏ်ရာကို မနှစ်ကရာသီကတည်းကရရှိခဲ့ပြီး အင်္ဂလန်နဲ့ယူရိုပြိုင်ပွဲမှာလည်း ကြံ့ခိုင်မှုပြည့်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ရက်ရှ်ဖို့ဒ်ရဲ့ ပခုံးဒဏ်ရာကို စစ်ဆေးမှုတွေ ထပ်မံပြုလုပ်မှာဖြစ်ပြီး ခွဲစိတ်ကုသမှု လုပ်ဆောင်မလားဆိုတာ မကြာခင်ဆုံးဖြတ်မယ်လို့ နည်းပြဆိုးလ်ရှားကပြောပါတယ်။

“ရေရှည်မှာ သူ့အတွက်ရော ကလပ်အသင်းအတွက်ပါ အကောင်းဆုံးဖြစ်မယ့်အရာကို စဉ်စားပြီး ဒဏ်ရာကို ခွဲစိတ်ကုသမလဲဆိုတာ သေချာဆုံးဖြတ်သွားရမှာပါ။”

ရက်ဖို့ဒ်အနေနဲ့ ခွဲစိတ်ကုသမှုခံယူခဲ့ပါက ၃လ လောက်အထိ အနားယူရနိုင်ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်မှာဖြစ်ပါတယ်။ 

ရက်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲကစားခဲ့တာကြောင့် လက်ရှိအချိန်မှာ အားလပ်ရက်ယူ နေပြီး ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ 

3 months Ago
Up