၂ ဦး ဒဏ်ရာရ

September 3, 2017

တောင်ကြီးတွင် မီးပုံးပျံလုပ်ရာမှ နေအိမ်မီးလောင်၊ ၂ ဦး ဒဏ်ရာရ

တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်မှာ စက်တင်ဘာ ၂ ရက်နေ့က မီးပုံးပျံ ပြုလုပ်ရာကနေ ယမ်းစ မီးလောင်ပြီး နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကန်အောက်ရပ် မှာနေတဲ့ ဦးမောင်မောင် နေအိမ်မှာ မီးပုံးပျံပြုလုပ်တဲ့ ကြိုးကို ကတ်ကြေးနဲ့ ဖြတ်ရာကနေ ယမ်းစကိုမီးကူး သွားပြီး မီးလောင်မှု ဖြစ်ကာ ၂ ဦး ဒဏ်ရာရရှိပါတယ်။ “ကျူးလွန်သူကိုတော့ အမှုဖွင့်ထားတယ်။ အိမ်အတွင်းပစ္စည်း အကုန်လောင်တယ်။ မီးဝိုင်းသတ်ပေးတဲ့ သူနှစ်ဦး ယမ်းစကြောင့် ဒဏ်ရာအနည်းကျဉ်းရတယ်” လို့ တောင်ကြီး မြို့ မရဲစခန်းမှူး ဦးမျိုးဦးက ပြောပါတယ်။ ခြေထောက်ဒဏ်ရာရရှိတဲ့သူ နှစ်ယောက်ကို စစ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အိမ်ရှင် ဦးမောင်မောင်ကို မီးပေါ့ဆမှု ရာဇာသတ်ကြီးပုဒ်မ၂၈၆ နဲ့ အမှုဖွင့်ထားပါတယ်။ အခုအချိန်ဟာ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ဝင်ပြိုင်မယ့် မီးပုံးပျံအတွက် ကြိုတင်ပြင်ဆင်ရတာဖြစ်ကာ နှစ်စဉ် မီးလောင်မှုဖြစ်ပွားလေ့ရှိပြီး ဒီနှစ်မှာ ပထမဆုံးအကြိမ်လောင်ကျွမ်းတာ ဖြစ်ပါတယ်။
4 years Ago

July 12, 2017

ကညွှတ်ကွင်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကညွှတ်ကွင်းမြို့ မြောက်ဘက် ဂုံးတဲကျေးရွာအနီးမှာ ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်းက ယာဉ်တိုက်မှုတခု ဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကညွှတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းအတိုင်း ကညွှတ်ကွင်းမြို့ဘက်ကနေ ဖြူးမြို့ဘက်ကို ယာဉ်မောင်း သဲမောင် မောင်းနှင်နေတဲ့ ဆိုင်ကယ်ကို ယာဉ်မောင်းသက်နိုင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်က ကျောက်တက်ချိန် ရှေ့ဘက်က ယာဉ်တစီး ဝင်လာတာကြောင့် လမ်းဘေးကို ဆွဲချရင်း အရှိန်မထိုးနိုင်ဘဲ ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်မိခဲ့တာပါ။ ကညွှတ်ကွင်း နယ်မြေရဲ့တပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက “ကားက တောင်ဘက်ကပဲ မောင်းလာတာ။ ဆိုင်ကယ်နဲ့ လားရာတူပေါ့။ အဲဒီမှာ ကားက ဆိုင်ကယ်ကို ကျော်တက်တာဗျ။ အဲဒီအချိန်မှာပဲ ရှေ့က ကားဝင်လာတော့ လမ်းဘေးကို ဆွဲချတယ်။ အရှိန်ကများတော့ ရှေ့က မောင်းနေတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတာပါ။ ဆိုင်ကယ်ပေါ်မှာ သုံးယောက် စီးလာတာ။ အလယ်ကလူ သေတာပါ။ ဆိုင်ကယ်ကတော့ မြင်တဲ့အတိုင်းပဲ ထက်ပိုင်းကျိုးသွားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာသူ ၃ ယောက်မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရဲရင့်အောင်ဟာ ဒဏ်ရာ ပြင်းထန်တာကြောင့် ကညွှတ်ကွင်း ပြည်သူ့ဆေးရုံကို ရောက်ရှိချိန်မှာ သေဆုံးသွားပြီး ကျန်နှစ်ဦးကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းခဲ့ရပါတယ်။ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ၁၂ ဘီ ယာဉ်မောင်း သက်နိုင်ကို လူ့အသက် သေဆုံးပြီး ဒဏ်ရာတွေ ရတဲ့အထိ ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က တို့နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
4 years Ago
More News
Up