၂ ပတ်

July 4, 2020

ကိုဗစ်-၁၉ စမ်းသပ်ကုသဆေးအဖြေ ၂ ပတ်အတွင်း ရမည်ဟု WHO ကြေညာ

ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာ အစွမ်းထက်နိုင်တဲ့ စမ်းသပ်ကုသဆေးတွေရဲ့ အဖြေကို သီတင်းနှစ်ပတ်အတွင်း ရရှိတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့‌ WHO က  ဇူလိုင်လ ၃  ရက်မှာ ပြောလိုက်ပါတယ်။  တပေါင်းတစည်းတည်း စမ်းသပ်မှုမှာ  နိုင်ငံပေါင်း  ၃၉ နိုင်ငံက လူနာ ၅,၅၀၀ နီးပါးကို ခေါ်ယူထားတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။   ကိုဗစ်-၁၉ ကို ကုသရာမှာ  ဖြစ်နိုင်ဖွယ်ရှိတဲ့ ဆေးတွေအဖြစ်  အပိုင်း ၅ ပိုင်းခွဲပြီး     တပေါင်းတစည်းတည်း စမ်းသပ်မှုကို စတင်ခဲ့တာပါ။  အဲဒီအတွက် စမ်းသပ်ကုသဆေးတွေမှာ  ရမ်ဒီးဆေဗ ၊ ဟိုက်ဒရော့ဇီကလိုရိုကွင်း၊ HIV ကုသ ဆေးဖြစ်တဲ့ လိုပီနာဗာ/ ရီတိုနာဗာနဲ့  အဲဒီဆေးနှစ်မျိုးနဲ့  အင်တာဖီလွန်ဆေး  စပ်ဆေးအတွဲတို့ ဖြစ်ပါတယ်။  ကိုဗစ်-၁၉ ကာကွယ်ဆေး ဘယ်အချိန် အဆင်သင့်ဖြစ်မလဲဆိုတာ ခန့်မှန်းတာဟာ  ဉာဏ် အမြော်အမြင်နည်းရာ ကျလိမ့်မယ်လို့လည်း WHO အရေးပေါ်လုပ်ငန်းများအစီအစဉ် အကြီးအကဲ  မိုက်ရိုင်ယန်က ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago

April 12, 2020

ပြည်ပကပြန်လာသူများ ၂ ပတ် ထပ်မံ အသွားအလာ ကန့်သတ်နေ‌ပေးရန် မွန် ကျန်းမာရေးဌာန မေတ္တာရပ်ခံ 

Facility Quarantine Camp တွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ခံခဲ့တဲ့ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေအနေနဲ့ နေအိမ်မှာ နောက်ထပ် ၂ ပတ်အကြာ အသွားအလာကန့်သတ်ပြီး နေထိုင်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။ မွန်ပြည်နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၁၅,၀၀၀ ကျော် ရှိပြီး အဲဒီထဲကနေ လူပေါင်း ၈,၀၀၀ လောက်ကို Facility Quarantine Camp တွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ပြီး နေအိမ် ပြန်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အခုအခါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးဟာ ရက်ပေါင်း ၂၀ လောက်မှာသာ ရောဂါပိုးတွေ့ရှိနေတဲ့အကြောင့် နေအိမ်ပြန်သွားတဲ့သူတွေအနေနဲ့ နောက်ထပ် ၁၄ အကြာ အသွားအလာကန့်သတ်ပြီး နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံထားတာလို့ မွန်ပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။ လက်ရှိမှာတော့ Facility Quarantine Camp တွေမှာ နေထိုင်နေတဲ့သူတွေကို ၁၄ ရက်အကြာ စောင့်ကြည့်တဲ့ နေရာကနေ ၂၁ ရက်အကြာ စောင့်ကြည့်သွားဖို့ စီစဉ်နေတာပါ။  နေအိမ်ပြန်ခွင့်ပေးလိုက်တဲ့သူတွေအနေနဲ့ ညွန်ကြားချက်တွေကို မလိုက်နာလို့ အရေးယူရင် ထောင်မဆံ့တဲ့အတွက်ကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာပေးဖို့ လိုတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ နိုင်ငံရပ်ခြားက ပြန်လာတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက နေရပ်တွေကို ပြည်နယ်တဝန်းမှာ Facility Quarantine Camp ပေါင်း ၄၈၄ ကျော် ဖွင့်လှစ်ပြီး စောင့်ကြည့်နေတာပါ။  မွန်ပြည်နယ်မှာ မတ် ၂၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်အထိ စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက အတည်ပြုထားပါတယ်။ သေဆုံးသူ ၈ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ထားသူတွေ ဖြစ်ပြီး ကျန် ၂ ဦးရဲ့ အဖြေကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင် စစ်ဆေးထားပါတယ်။ မွန်ပြည်နယ်က ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၂၈ ဦး ရှိတယ်လို့ သိရပါတယ်။ ဇော်လွင်ထွဋ်
1 year Ago
Up