၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲ

May 15, 2017

ဇီးကုန်းမြို့နယ်တွင်  ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ထောက်ခံကြိုဆိုကြောင်း မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ဒေသခံ ၁၃၀ လောက်က ဇီးကနုး  အမှတ် (၅) ရပ်ကွက်ရှိ ဆေးကျောင်း (၁) လမ်းက စတင်ပြီး တာပွန်လမ်း၊ ရန်ကုန်-ပြည်ကားလမ်း၊ ဦးယောလမ်း၊ ဈေးလမ်း၊ ကုန်သည်လမ်းများအတိုင်း စီတန်းလှည့်လည်ပါတယ်။ “ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံ ညီလာခံအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ‘ပြည်သူနှင့်အတူ’ ဆောင်ပုဒ်အား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတဝန်း ပြည်သူများ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်”လို့ ချီတက်သူတွေက ကြွေးကြော်ကြပါတယ်။ ကြိုဆိုထောက်ခံပွဲ ဦးဆောင်စီစဉ်သူ ဦးသန်းအောင်က “၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကို အောင်အောင်မြင်မြင် ပြုလုပ်ကျင်းပပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ပြည်သူနဲ့အတူ’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ကျနော်တို့ ပြည်သူတွေ ပူးပေါင်းပါဝင် ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဦးဆောင်သူတွေကငြိမ်းချမ်းမှ တိုင်းပြည်အမြန်ဆုံး တိုးတက်နိုင်မယ့် အကြောင်းတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။ သတင်း - ဝဏ္ဏထွန်း
4 years Ago

August 30, 2016

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲ ဟင်္သာတတွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ဒီနေ့ ကျင်းပပြုလုပ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံပွဲကို ဟင်္သာတမြို့ဦး ပါရဲဘုရားရှေ့မှ ဒီနေ့မနက် ၉ နာရီအချိန်မှ စတင်ထွက်ခွာပြီး ဗိုလ်ချုပ်လမ်း၊ ရွှေစေတီလမ်း၊ မန်းဘခိုင်လမ်းနဲ့ ဗိုလ်စောမောင်လမ်းထောင့်ရှိ လွတ်လပ်ရေး ကျောက်တိုင်အရောက် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ထောက်ခံချီတက်ပွဲကို အန်အယ်လ်ဒီပါတီဝင်တွေအပါဝင် ဒေသခံတွေ တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်တွေကိုလည်း  လိုက်လံဝေငှခဲ့ကြပါတယ်။ ဓတ်ပုံ-ကိုကြက်
5 years Ago
Up