၂၀၁၉ ခုနှစ်

March 22, 2020

ဧရာဝတီတိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လယ်သမားကြွေးကျန် ငွေ ၂၁၀ ဘီလီယံ ပြန်မရသေး

ဧရာဝတီတိုင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၉ ခုနှစ်အတွင်း လယ်သမားတွေကို ထုတ်ချေးခဲ့ပြီး ပြန်မရသေးတဲ့ ကြွေးကျန်ငွေ ၂၁၀ ဘီလီယံအထိရှိတယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူကပြောပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၉ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ တောင်သူ လယ်သမား ၂၆၄၁၂၃ ဦးကို မေလကနေ စတင်ဘာလအတွင်း ငွေကျပ် ၂၆၄ ဘီလီယံ ထုတ် ချေးပေးခဲ့တာပါ။ လယ်သမား ၃၃၆၉၆ ဦးက ငွေကျပ် ၄၅ ဘီလီယံသာပြန်လည်ပေးသွင်းခဲ့တာကြောင့် ကြွေးကျန်ငွေ ၂၁၉ ဘီလီယံကျော်နေသေးတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဒုမန်နေဂျာ ဦးကြည်ဝင်းက ပြောပါတယ်။ "သီးနှံအထွက်ညံ့လို့ ချေးငွေမဆပ်နိုင်တဲ့သူတွေက တော်တော်နည်းပါတယ်၊ တော်တော်များ များက မဆပ်ကို မဆပ်ကြတာပါ၊ တဦးက မဆပ်တော့ နောက်တဦးကလည်း မဆပ်တော့ဘူး၊ အဲ့လိုနဲ့ ကြွေးကျန်တာတွေ များနေတာ။" တောင်သူလယ်သမားတွေအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေရယူပါက သတ်မှတ်ထားတဲ့ အချိန်စေ့တဲ့အထိ အတိုးနှုန်း ၆၇ ပြားသာပေးရပြီး အချိန်ကျော်လွန်ပါက အတိုးနှုန်း ၁ ကျပ်နှုန်းဖြစ်သွားကာ နောက်နှစ်ရာသီချိန်မှာ ချေးငွေထပ်ချေးရမယ့်အချိန်ကျမှသာ ပြန်လည်ပြီး အကုန်ပေးဆပ်တာမျိုးတွေ ရှိတယ်လို့ ဘဏ်က တာဝန်ရှိသူတွေက ဆိုပါတယ်။‌ေ ဘုရားကြီးကုန်းကျေးရွာနေ ကိုဇော်မျိုးအောင်က "ကျနော်တို့က မဆပ်ရသေးဘူး၊ နွေစပါးပေါ်မှ ပေါင်းဆပ်မှာ၊ အပြင်ကယူရရင် အတိုးနှုန်းက များတယ်လေ၊ ဒီကဆိုရင်တော့ ဒဏ်ကြေးလောက်ပဲဆောင်ရတော့ အများကြီးသက်သာလို့ နွေစပါးပေါ်ရင်တော့ အကုန်ပြန်ဆပ်မှာပါ" လို့ ပြောပါတယ်။ လယ်သမားအများစုအနေနဲ့ ၁ ဧကကို ၁ သိန်းခွဲချေးငွေရရှိပြီး လက်ရှိစိုက်ပျိုးချိန်မှာ ကုန်ကျ စရိတ်ငွေ ၃ သိန်းအထိရှိနေကာ မိုးစပါးပေါ်ချိန်မှာလည်း စပါးစျေး အေးခဲ့တာကြောင့် နွေးစပါး စိုက်ပျိုးပြီး စပါးပေါ်ချိန်မှာ ပိုထွက်လို့ စရိတ်ပိုတဲ့အချိန်မှာ ပြန်လည်ပေးဆပ်သွားမလို့ လယ်သမားအများစုက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း လယ်သမားများချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေမှာ လာမယ့် ဧပြီလ လယ်ပိုင်း အချိန်စေ့မှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဆောင်းစပါးစိုက်ပျိုးစရိတ်ချေးငွေကို အောက်တို ဘာနဲ့ ဒီဇင်ဘာလအတွင်း တောင်သူလယ်သမား ၁၇၈၈၅၉ ဦးကို ငွေကျပ် ၁၃၁ ဘီလီယံ ထုတ်ချေးထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago

January 17, 2020

၂၀၁၉ သည် ဒုတိယမြောက်အပူဆုံးနှစ်ဟု ကမ္ဘာ့မိုးလေဝသဌာနပြော 

ကမ္ဘာ့အပူချိန်မှတ်တမ်းတွေကို စတင်မှတ်သားတဲ့အချိန်ကစပြီး ၂၀၁၉ ခုနှစ်ဟာ ဒုတိယမြောက် အပူဆုံးနှစ်ဖြစ်တယ်လို့ ကမ္ဘာ့မိုးလေဝသဌာန(WMO)က  ပြောပါတယ်။ အပူဒဏ်ဟာ ၂၀၂၀နဲ့ နောက်ပိုင်းနှစ်တွေမှာ သြစတြေးလျ တောမီးလိုမျိုး အစွန်းရောက် ရာသီဥတုအခြေအနေတွေဆီကို ပိုပြီး ဦးတည်သွားမယ့် အလားအလာ ရှိနေတယ်လို့လဲ (WMO)က ပြောပါတယ်။  နာဆာနဲ့ ဗြိတိန်မိုးလေဝသဌာနတို့အပါအဝင် အချက်အလက်ရင်းမြစ် အတော်များများကို စုစည်းတွက်ချက်ပြီး ရလာတဲ့ကိန်းဂဏန်းတွေကို ဂျီနီဗာအခြေစိုက် WMO က တွက်ချက် ဟောကိန်းထုတ် ထားတာပါ။  ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာ စက်မှုထွန်းကားတဲ့ ခေတ် မတိုင်ခင် ခေတ်ကထက် ၁ဒသမ ၁ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူနေပြီး ကမ္ဘာပေါ်က သက်ရှိတွေအတွက် အကြီးစား အပြောင်း အလဲဖြစ်အပြီး တကမ္ဘာလုံးက သဘောတူထားတဲ့ ကန့်သတ်ချက်ဆီ ရောက်ခါနီးပြီလို့ မှတ်တမ်း တွေက ပြထားပါတယ်။  ၂၀၁၅ ပါရီသဘောတူညီချက်အရ ကမ္ဘာကြီးပူနွေးမှုကို စက်မှုခေတ် မတိုင်ခင်က အပူ ချိန်ထက် ၁ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပြီး မပူအောင် ထိန်းချုပ် ကန့်သတ်ထားဖို့ အစိုးရတွေက သဘောတူ ထားပါတယ်။  တကယ်လို့ သတ်မှတ်အပူချိန်ထက် ပိုပူခဲ့ရင် အစွန်းရောက် အကျိုးဆက်တွေ ဖြစ်လာပြီး အာတိတ်ပင်လယ် ရေခဲ အများစုနဲ့ ကမ္ဘာ့ သန္တာကျောက်တန်းတွေ ကွယ်ပျောက်သွားလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။  ၂၀၁၈ သဘောတူညီချက်အသစ်အရ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုးလာတာကို ရပ်ဖို့ မကြိုးစားရင် အပူချိန်ဟာ ၃ဒီဂရီကနေ ၅ဒီဂရီ ဆဲလ်စီးယပ်စ်ထိ တိုးလာနိုင်တယ်လို့ WMO က အစောပိုင်းမှာ ပြောထားပါတယ်။ မှတ်တမ်းအရ အပူဆုံးနှစ်အဖြစ် စံချိန်တင်ထားတာ ၂၀၁၆ ခုနှစ်ပါ။ စက်မှုခေတ် မတိုင်ခင်က အပူချိန်ထက် ၁ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုများပြီး အယ်လ်နီနို ရာသီဥတုဖြစ်စဉ်ကြောင့် ပူနွေးခဲ့တာလို့ WMO က ပြောပါတယ်။  လာမယ့် အနာဂတ်မှာ အရင်တုန်းက အယ်လ်နီနိုထက် ပိုပူနွေးတဲ့ ရာသီဥတု ဖြစ်စဉ်တွေကို အလွယ်တကူ မျှော်လင့်ထားနိုင်တယ်လို့ WMO က သိပ္ပံပညာရှင် အိုမာ ဘဒ်ဒိုအာက ပြောပါတယ်။
1 year Ago
More News
Up