၁ စင်းပျက်ကျ

December 25, 2019

ရုရှား Su-57 ကိုယ်ပျောက်တိုက်လေယာဉ် ၁ စင်း ပျက်ကျ

ရုရှားရဲ့ ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက်တိုက်လေယာဉ်တစင်းဟာ နိုင်ငံရဲ့ အရှေ့ဖျား ခါဘာရော့စ်ဒေသမှာ စမ်းသပ်ပျံသန်းစဉ် ပျက်ကျခဲ့တယ်လို့ TASS သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၄ ရက်မှာဖော်ပြပါတယ်။ လေယာဉ်ထိန်းစနစ် ချွတ်ယွင်းပြီးနောက် လေယာဉ်ပျက်ကျခဲ့ပြီး ပိုင်းလော့ကတော့ အရေးပေါ် ခုန်ထွက်နိုင်ခဲ့တယ်လို့ ယူနိုက်တက်လေကြောင်း ကော်ပိုရေးရှင်း (UAC)က အစောပိုင်းမှာ  ပြောဆိုပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပထမဆုံး စီးရီးလိုက်ထုတ်တဲ့ Su-57 တိုက်လေယာဉ်ကို ဒီနှစ်ကုန်မှာ  ရရှိမယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။ လေယာဉ်ထုတ်လုပ်တဲ့ ဆူခွိုင်းကုမ္ပဏီဟာ လာမယ့် ၂၀၂၈ အကုန်မှာ ရုရှားလေတပ်ကို   ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက်တိုက်လေယာဉ် စုစုပေါင်း ၇၆ စင်း ပေးအပ်ဖို့ စီစဉ်ထားပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုအရ Su-57 ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ ဝေဟင်၊ မြေပြင်နဲ့ မျက်နှာပြင် ပစ်မှတ်မျိုးစုံကို ဖျက်ဆီးနိုင်အောင် ဖန်တီးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up