(၁၇) ကြိမ်မြောက်အောင်ဘာလေထီ

July 1, 2020

(၁၇) ကြိမ်မြောက်အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ည-၈၅၃၀၉၅ နံပါတ် ဆွတ်ခူး 

(၁၇) ကြိမ်မြောက်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ဒီကနေ့မနက် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့ရာမှာ ဆုကြေးအမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို  (ည - ၈၅၃၀၉၅) နံပတ်က ဆွတ်ခူးရရှိသွားပါတယ်။ ကျပ်သိန်းတစ်သောင်းဆုကိုတော့ (ဖ- ၇၈၇၃၅၄)က ရရှိသွားပြီး ကျပ်သိန်းငါးထောင်ဆုတွေကို (ဃ-၈၄၇၉၃၀)နဲ့  (ဓ- ၄၀၆၈၂၀)တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။  အဲ့ဒီနောက် တခြားဆုမဲအသီးသီးကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ 
12 months Ago
Up