၁၁၆ ဦးသေဆုံး

May 3, 2020

ကင်ညာတွင် အန်ဇိုအီယာမြစ်ရေလျှံမှုကြောင့် ၁၁၆ ဦးသေဆုံး၊ မိသားစု ၁၈၀၀ ခန့် အိုးအိမ်မဲ့ဖြစ်

ကင်ညာနိုင်ငံအနောက်ခြမ်းမှာ အန်ဇိုအီယာမြစ် ရေလျှံတာကြောင့် ၁၁၆ ဦးသေဆုံးပြီး မိသားစု ၁၈၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကင်ညာကြက်ခြေနီအသင်းက မေ ၂ ရက်မှာ ပြောပါတယ်။ ဘုယုခုရွာခံတွေ ရေမြုပ်အိမ်တွေထဲကနေ ပိုင်ဆိုင်မှုတွေကို လှေတွေ၊ မော်တော်ဆိုင်ကယ်တွေ သုံးပြီး သယ်ထုတ်လာတာကိုလည်း တွေ့ရပါတယ်။  မိုးကြီးလို့ ဒေသတလွှားမှာ ရေကြီးရေလျှံတာတွေ မြေပြိုတာတွေ ဖြစ်ခဲ့တာပါ။ မြို့နယ် ၂၉ မြို့နယ်မှာ ရေကြီးလို့ လူ ၁၁၆ ယောက် သေဆုံးတယ်လို့ ကင်ညာအစိုးရအဖွဲ့ အတွင်းရေးမှူးက Citizen TV Kenya ကို  ပြောခဲ့ပါတယ်။  
1 year Ago
Up