ဝုဖ်အသင်း

December 22, 2018

လီဗာပူးက ၀ုဖ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)

ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက အိမ်ရှင်ဝုဖ်အသင်းကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ အိမ်ရှင်အသင်းကို အပြတ်အသတ် အသာစီးယူပြီး ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၁၈ မိနစ်မှာ ဆာလက်က လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပြီး ဒုတိယပိုင်း ၆၈ မိနစ်မှာ Virgil Van Dijk က ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရရှိတာကြောင့် လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ ၁၈ ပွဲကစားပြီး ၄၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပြီး မန်စီးတီးအသင်းက ၁၇ ပွဲကစားပြီး ၄၄ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ၀ုဖ်အသင်းကတော့ ၁၈ ပွဲကစားပြီး ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
2 years Ago
Up