ဝတ်ဖို့ဒ်

September 26, 2016

တိုက်စစ်မှူး ဒီနေးကို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်သင့်ဟု ၀တ်ဖို့ဒ်နည်းပြ ပြော

ဝတ်ဖို့ဒ်တိုက်စစ်မှူး ဒီနေးကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်သင့်တယ်လို့ အသင်းနည်းပြ မက်ဇာရီက ပြောဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်ရှိ ၀တ်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးဟာ ၀က်စ်ဟမ်း၊ မန်ယူအသင်းတွေနဲ့ ပွဲတွေမှာ နှစ်ပွဲဆက် ဂိုးသွင်းပြီး ခြေစွမ်းပြနေတာကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့ ထိုက်တန်တယ်လို့ ၀တ်ဖို့ဒ်နည်းပြက ထောက်ခံ ပြောကြားလိုက်တာပါ။ အင်္ဂလန်လက်ရွေးစင်အသင်းမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရနေတာကြောင့် တိုက်စစ်မှူးသစ်တဦး ရွေးချယ်ခံရဖွယ် ရှိနေတာပါ။ အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်ဟာ မော်လ်တာ၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်းလူစာရင်းကို လာမယ့် ၁ ပတ်အတွင်း ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
5 years Ago

March 14, 2016

ဝတ်ဖို့ဒ်ကို ရှုံးပြီး အာဆင်နယ် အက်ဖ်အေဖလားမှ ထွက် (ရုပ်သံဟိုက်လိုက်)

မတ် ၁၃ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ၀တ်ဖို့ဒ်က လက်ရှိ ချန်ပီယံ အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုအရှုံးဟာ အာဆင်နယ်အတွက် အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ရတာပါ။ ဒီပွဲမှာ အာဆင်နယ်အသင်းက တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် တဘက်နောက်တန်းက ကာကွယ်နိုင်ခဲ့ပါတယ်။ ၀တ်ဖို့ဒ်အတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းအစ မိနစ် ၅၀ မှာ သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်း ကစားပုံ လေးနေပြီး ထိထိရောက်ရောက် တိုက်စစ်ဆင်တာတွေ မလုပ်နိုင်ခဲ့ပါဘူး။ ၀တ်ဖို့ဒ်အတွက် ဒုတိယဂိုးကို ၆၃ မိနစ်မှာ သွင်းယူပါတယ်။ အဲဒီနောက် အာဆင်နယ် လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး ချေပဂိုး ၁ ဂိုးကို ၈၈ မိနစ်မှာ ၀ဲလ်ဘက်က သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ၀တ်ဖို့ဒ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
5 years Ago
Up