မြန်မာနိုင်ငံတော်ဗဟိုဘဏ်

November 5, 2015

၅၀၀၀ တန် ငွေဒင်္ဂါး ထုတ်ဝေမည်

ပြည်ထောင်စုအစိုးရအဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ်အဖြစ် ၅၀၀၀ တန် ငွေဒင်္ဂါးတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အဲဒီဒင်္ဂါးကို ငွေသား ၉၂ ဒသမ ၅၀ ရာခိုင်နှုန်းနဲ့ သွန်းလုပ်ထားပြီး အလေးချိန် ၂၀ ဂရမ် ရှိမှာပါ။ ဒင်္ဂါးရဲ့ ရှေ့ဘက်မှာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး တံဆိပ်အောက်ဘက်မှာ ၅၀၀၀ ကျပ်နဲ့ ၂၀၁၅ လို့ ပါပါတယ်။ ရှေ့ဘက်ပတ်လည် အပေါ်ဘက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အောက်ဘက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်လို့ သွန်းလုပ်မှာပါ။ ဒင်္ဂါးရဲ့ ကျောဘက်မှာတော့ ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး အောက်မှာ အင်္ဂလိပ်လို 5000 Kyats နဲ့ 2015 လို့ ပါပါတယ်။ ငွေဒင်္ဂါးကျောဘက် ပတ်လည် အပေါ်ဘက်မှာ THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR လို့ ရေးထိုးထားပြီး အောက်ဘက်မှာ CENTRAL BANK OF MYANMAR လို့ ပါရှိမှာပါ။ ဒီငွေဒင်္ဂါးတွေကို အကန့်အသတ်နဲ့ သွန်းလုပ်တာဖြစ်ပြီး ၀ယ်ယူမယ်ဆိုရင်တော့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အရောင်းဆိုင်တွေမှာ ငွေကျပ် ၃၀၀၀၀ နှုန်းနဲ့ ရောင်းချသွားမယ်လို့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဘယ်တော့ထုတ်ဝေမယ် ဆိုတာတော့ မသိရသေးပါဘူး။ ဓာတ်ပုံ - အမ်အိုအိုင်  
6 years Ago

June 16, 2015

အသေးစား၊ အလတ်စား လုပ်ငန်းများအား ငွေပိုချေးနိုင်ရေး ပြည်တွင်းဘဏ်များ ဆွေးနွေး

အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ငွေပိုချေးနိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေရဲ့ ၄ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက်နေ့က စတင်လိုက်ပါတယ်။ ဒီလုပ်ငန်းတွေကို ငွေချေးရာမှာ ဆုံးရှုံးနိုင်မှု အလားအလာကို စီမံခန့်ခွဲနိုင်မှု အရည်အသွေး တိုးမြင့်လာရေး ဘဏ်တွေရဲ့ စီမံမှုဆိုင်ရာ ၀န်ထမ်းတွေ တက်ရောက် ဆွေးနွေးနေတာပါ။ အာရှဖွံ့ဖြိုးရေးဘဏ် ဒု-ဥက္ကဋ္ဌ သီယာရီဒီလောင်မာက “ခိုင်မာတဲ့ ဆုံးရှုံးနိုင်ခြေ အလားအလာ စီမံခန့်ခွဲနိုင်မှုရှိရင် ဘဏ်တွေအနေနဲ့ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုပေးအပ်နိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေဟာ ကုမ္ပဏီစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး စုစုပေါင်း ၀န်ထမ်းခန့်ထားမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ငန်းတွေဟာ မြန်မာနိုင်ငံ ပုဂ္ဂလိက ကဏ္ဍအတွက် အဓိက ကျောရိုးဖြစ်ပေမယ့် ချေးငွေဆိုင်ရာ သတ်မှတ်ချက်တွေ တင်းကျပ်လို့ အခက်အခဲ ကြုံရတယ်လို့လည်း ဖော်ပြထားပါတယ်။
6 years Ago
Up