မြန်မာနိုင်ငံ

May 24, 2019

ပထမကြိမ် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ ကျင်းပ

အရည်အသွေးကောင်းမွန်တဲ့ သုတေသနစာတမ်းတွေ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ပြီး ပထမကြိမ် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံကို ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဇာခန်းမမှာ  မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သုတေသနညီလာခံကိုတော့ ပညာရေးဝန်ကြီးဌာနရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင်နဲ့ ပါမောက္ခချုပ်များကော်မတီက ပူးပေါင်းပြီး လုပ်ဆောင်တာပါ။ အရည်အသွေးကောင်းမွန်တဲ့ သုတေသနစာတမ်းတွေ ပေါ်ထွက်လာဖို့အတွက် မြန်မာနိုင်ငံတက္ကသိုလ်များသုတေသနညီလာခံကို ပြုလုပ်တာဖြစ်ပါတယ်။ ဒီညီလာခံမှာတော့ ၀ိဇ္ဇာ၊ သိပ္ပံ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ စီးပွားရေးစတဲ့ ဘာသာရပ် ၉ ခုကနေ စာတမ်းအမျိုးအစား ၉ မျိုးကို ဖတ်သွားမှာ ဖြစ်ပါတယ်။ ညီလာခံမှာ စာတမ်းဖတ်နိုင်ဖို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ၁၆၃ ခုကနေ စာတမ်း ၉၀၀ ကျော်တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီစာတမ်းတွေထဲက သတ်မှတ်စည်းကမ်းချက်တွေနဲ့ ကိုက်ညီပြီး အကောင်းဆုံးစာတမ်း ၁၆၂ စောင်ကိုသာ သုတေသနညီလာခံမှာ ဖတ်ပြသွားကြမှာပါ။ စာတမ်းတင်သွင်းတဲ့ စာတမ်းရှင်တွေကို ဝန်ကြီးဌာနကနေ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံကို ပညာရေးဝန်ကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်က တာဝန်ရှိသူတွေ၊ ပါမောက္ခချုပ်တွေနဲ့ တက္ကသိုလ်အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
2 years Ago

January 24, 2019

မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းအနီး အင်အား ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းအနီးမှာ အင်အား ၄.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၄၇)မိနစ်၊ (၄၇) စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် မိုင် ၉၀ လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြောက်လတ္တီတွဒ် (၁၅.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၀) ဒီဂရီ၊ အနက် (၁၂၆) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ် (ခ်) တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up