မြန်မာယူ-၁၆

February 28, 2019

အာရှ ယူ-၁၆ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအသင်းက တရုတ်ကို ၅ ဂိုးပြတ်ရှုံး

အာရှ ယူ-၁၆ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာယူ-၁၆ အမျိုးသမီးအသင်းနဲ့ တရုတ် ယူ-၁၆ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရာ တရုတ်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ တရုတ်အသင်းက ကမ္ဘာ့အဆင့်အသင်းဖြစ်တာကြောင့် ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့ပြီး ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ မြန်မာအသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက ပြောပါတယ်။ လက်ကျန်နှစ်ပွဲမှာ တွေ့ဆုံရမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်ပွဲစဉ်တွေက အရေးကြီးတဲ့ပွဲစဉ်တွေဖြစ်ပြီး အဲဒီပွဲစဉ်တွေကို အနိုင်ကစားပြီး ခြေစစ်ပွဲအောင်မြင်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနည်းပြက ပြောကြားခဲ့ပါတယ်။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းဟာ လာမယ့်မတ်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာပါ။ ဘင်္ဂလားဒေ့ရှ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားတာဖြစ်ပါတယ်။
2 years Ago

February 15, 2019

မြန်မာယူ ၁၆ အမျိုးသမီးအသင်းနှင့် သြစတြေးလျအသင်းတို့ ယနေ့ညနေ ခြေစမ်းပွဲကစားမည်

မြန်မာ့လက်ရွေးစင် ယူ ၁၆ အမျိုးသမီးအသင်းဟာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် သြစတြေးလျ ယူ ၁၆ အသင်းနဲ့ ဒီနေ့ညနေ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံ Gold Coast မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်း Gold Coast Sports Super Center မှာ စခန်းသွင်းလေ့ကျင့်နေတဲ့ မြန်မာ့အမျိုးသမီးအသင်းဟာ သြစတြေးလျ ယူ၁၆ အသင်းနဲ့ ပွဲစဉ်မတိုင်မီ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လေ့ကျင့်ရေး အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ယူ ၁၆ အမျိုးသမီးအသင်းဟာ အာရှအမျိုးသမီး ယူ၁၆ ပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ရေးအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ သြစတြေးလျအမျိုးသမီး ယူ၁၆ အသင်းဟာလည်း အာရှအမျိုးသမီး ယူ၁၆ ပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ကို လာအိုနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်လေ့ကျင့်နေတဲ့ အသင်းဖြစ်ပါတယ်။ မြန်မာလ့က်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းနဲ့ သြစတြေးလျ ယူ၁၆ အမျိုးသမီးအသင်းတို့ ပွဲစဉ်ကို Lions FC Stadium မှာ ဒေသစံတော်ချိန် ၆ နာရီ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ မြန်မာလ့က်ရွေးစင်ယူ ၁၆ အမျိုးသမီးအသင်းဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သြစတြေးလျခြေစမ်းခရီး အဖွင့်ပွဲစဉ်အဖြစ် Brisbane Roar U17 အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၆-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
2 years Ago
More News
Up