မြန်မာက တတိယရရှိ

December 15, 2018

အာဆီယံတက္ကသိုလ်များ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာက တတိယရရှိ

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဘော်လီဘောပွဲစဉ်တွေ ကျင်းပပြီးစီးခဲ့ပြီး အမျိုးသားပြိုင်ပွဲမှာ ဖိလစ်ပိုင်က ရွှေတံဆိပ်၊ ထိုင်းက ငွေတံဆိပ်နဲ့ မြန်မာက တတိယရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အသင်းပေါင်း ၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး ၃ သင်းလို့ ပြောလို့ရတဲ့ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မြန်မာအသင်းတို့က ဆုတံဆိပ်အသီးသီး ဆွတ်ခူးနိုင်ခဲ့တာပါ။ အမျိုးသမီးပွဲစဉ်တွေမှာတော့ ၃ သင်းဝင်ရောက်ယှဉ်ပြိုင်ရာမှာ ထိုင်းအသင်းက ရွှေတံဆိပ်နဲ့ စင်ကာပူအသင်းတို့က ငွေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။ ၃ သင်းထဲ ယှဉ်ပြိုင်ရတာဖြစ်လို့ တတိယရရှိတဲ့ မြန်မာအသင်းကတော့ ကြေးတံဆိပ်မရရှိခဲ့ပါဘူး။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာတော့ ထိုင်းအသင်းက ရွှေတံဆိပ် ၂၁ ဆု၊ အင်ဒိုနီးရှားက ရွှေတံဆိပ် ၂၁ ဆုနဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး မလေးရှားကရွှေတံဆိပ် ၁၀ ဆု၊ မြန်မာရွှေတံဆိပ် ၉ ဆုနဲ့ တတိယနေရာမှာ အသီးသီးရပ်တည်နေခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ-ထက်လူ
2 years Ago
Up