ပြည်ထောင်စုနေ့

February 12, 2018

ပြည်ထောင်စုနေ့ ဂုဏ်ပြုသည့်အနေဖြင့် အမှိုက်ကောက်ပြိုင်ပွဲ ကျင်းပ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး မြန်မာ - ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ အမှိုက်ကောက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံတဝိုက်မှာ အုပ်စု ၄ ခုခွဲကောက်ခဲ့ကြပြီး အမှိုက်အများဆုံးရတဲ့ အဖွဲ့ ၃ ဖွဲ့ကို ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုတွေ ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ အခုလို အမှိုက်ကောက်တာက ဂျပန်-မြန်မာချစ်ကြည်ရေးတိုးပွားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ရည်ရွယ်တာလို့ ပြောပါတယ်။
3 years Ago

၇၁ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနား မြင်းခြံတွင် ကျင်းပ

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့မှာ ၇၁ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနားကို မြင်းခြံမြို့ အ-ထ-က (၁) ​ကျောင်းဝင်းအတွင်းမှာ ဒီနေ့မနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အစီအစဉ်​ ၄ ခု ကျင်းပခဲ့တာဖြစ်​ပြီး မြင်းခြံခရိုင်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​ဝင်းဦးက နိုင်​ငံ​တော်​သမ္မတ ဦးထင်​​ကျော်​ ​ပေးပို့တဲ့ သဝဏ်​လွှာ ဖတ်​ကြားခဲ့ပါတယ်​။ မြင်းခြံမြို့မှာ​ ကျင်းပတဲ့ ပြည်​​ထောင်​စု​နေ့ အခမ်းအနားကို မြင်းခြံမြို့က လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ အရပ်ဘက် ​အဖွဲ့အစည်းတွေ၊ ခရိုင်​မြို့နယ်​မှ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှူးတွေနဲ့ မြင်းခြံမြို့ ရုံးစိုက်​ရာ ဌာနဆိုင်​ရာအသီးသီးတို့ တက်​​ရောက်​ခဲ့ပြီး စုစု​ပေါင်း အင်​အား ၅၀၀ ​ကျော်​လောက် တက်​​ရောက်​ခဲ့ကြပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
3 years Ago

February 10, 2018

ပြည်ထောင်စုနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲကျင်းပ

  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်နယ်မြေက သရက်ကုန်းရပ်ကွက်မှာ ၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲကျင်းပနေပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ ပြိုင်ပွဲကာလ ၃ ရက်အတွင်း အုပ်စုပွဲစဉ်၊ ကွာတားဖိုင်နယ်၊ ဆီးမီးဖိုင်နယ် ဆိုပြီးယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲဝင် ၁၂ စီး ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး ပထမဆု ကျပ်ငွေ (၉) သိန်း၊ ဒုတိယဆု ကျပ်ငွေ (၆) သိန်းနဲ့ တတိယဆု ကျပ်ငွေ (၃)သိန်း ချီးမြှင့်သွားမှာပါ။ ပြည်ထောင်စုနေ့အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲ မော်လမြိုင်မြို့မှာ ကျင်းပနေတာ တတိယအကြိမ် ရှိနေပါပြီ။ ကျော်စိုး
3 years Ago
More News
Up