ပြင်သစ်အကျဉ်းထောင်

March 7, 2019

နှစ် ၃၀ ထောင်ဒဏ်ကျ အကျဉ်းသားက ဝန်ထမ်းများကို ဓားဖြင့်တိုက်ခိုက်၊ ၂ ဦးသေဆုံး

ပြင်သစ်နိုင်ငံ အနောက်ပိုင်းက ထောင်တခုမှာ ထောင်ဒဏ် အနှစ် ၃၀ ကျခံနေရတဲ့ ထောင်သားတဦးက ထောင်ဝန်ထမ်းနှစ်ဦးကို မတ်လ ၅ ရက်က ဓားနဲ့ထိုးခဲ့ပါတယ်။ ဒါကြောင့် ဝန်ထမ်းတဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ် တရားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲလောက်က ထောင်ထဲကနေ သေနတ်သံတွေ ထွက်လာတာကို ကြားရတယ်လို့ အခင်းဖြစ်ရာ နေရာကို ရောက်နေတဲ့ ရိုက်တာသတင်းဌာန ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။ ထောင်သားဟာ မိသားစုနဲ့ တွေ့နိုင်တဲ့ အခန်းထဲမှာ သူ့ဇနီးနဲ့မတွေ့ခင် အစောင့်ကို ကြွေနဲ့လုပ်ထားတဲ့ ဓားနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးအကောင်းဆုံး ထောင်တွေထဲက တခုဖြစ်တဲ့ ကွန်းဆော့ဆာ့ထ် ထောင်ရဲ့ အပြင်ဘက်မှာ ရဲနဲ့ စစ်တပ်ကို အင်္ဂါမွန်းလွဲပိုင်းက အကြီးအကျယ် တပ်ချထားပါတယ်။ ရှေးဦးသူနာပြု ရဟတ်ယာဉ်တစီးလည်း အပြင်မှာစောင့်နေတာ တွေ့ရပါတယ်။ အကြမ်းဖက်သမားတွေကို စုံစမ်းစစ်ဆေးသူတွေလည်း အမှုအတွက် ခေါ်ထားပါတယ်။ တိုက်ခိုက်တဲ့ ထောင်သားဟာ ပြန်ပေးဆွဲမှု၊ တရားမဝင် လုပ်ရပ်ကြောင့် သေဆုံးစေမှုနဲ့ လက်နက်ကိုင် လုယက်မှုတွေအတွက် ထောင်ဒဏ်ကျခံနေရတယ်လို့ ပြင်သစ် အကျဉ်းဦးစီးဌာနက ပြောပါတယ်။
2 years Ago
Up