ပြင်သစ်ရဲ

May 26, 2019

သံသယရှိ လက်ဆွဲအိတ်ဗုံးသမားကို ပြင်သစ်ရဲတပ်ဖွဲ့ ရှာဖွေ

ပြင်သစ်နိုင်ငံ အလယ်ပိုင်းက လယွန်မြို့မှာ ပေါက်ကွဲမှုကြောင့် လူ ၁၃ ယောက် သေဆုံးအပြီး မေလ ၂၅ ရက်က ရဲတွေက သံသယရှိသူ လက်ဆွဲအိတ်ဗုံးသမားကို လိုက်ရှာနေကြပါတယ်။ သံသယရှိသူဟာ ညနေ ၅ နာရီခွဲ ဗုံးမကွဲခင်လေးမှာ ပေါင်မုန့်ဆိုင်ရှေ့ကနေ အိတ်တလုံးနဲ့ ထွက်သွားတာကို လုံခြုံရေးကင်မရာက ဖမ်းယူနိုင်ခဲ့တယ်လို့ မြို့တော်ဝန်နဲ့ ရဲသတင်းရင်းမြစ် တွေက ပြောပါတယ်။ ဒဏ်ရာရသူ အများစုဟာ ခြေထောက်မှာ အသေးစား ဒဏ်ရာရခဲ့ကြပြီး ဆေးရုံတင်ပို့ ကုသပေးထားပါတယ်။ ဒီဖြစ်ရပ်ဟာ တိုက်ခိုက်မှုလို့ ပြင်သစ် သမ္မတ အီမန်နျူယယ်မက်ခွန်းက ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဥရောပ ရွေးကောက်ပွဲတွေအတွက် လူတွေ့မေးမြန်း တိုက်ရိုက် ထုတ်လွှင့်နေချိန်မှာ ပေါက်ကွဲမှု သတင်းက တက်လာခဲ့တာပါ။ ပေါက်ကွဲမှုကို လူသတ်ဖို့ ကြိုးစားမှုအဖြစ် သတ်မှတ်ကိုင်တွယ်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ပါရီမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရ ရှေ့နေတွေက အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေပါပြီ။ ပြည်ထဲရေး ဝန်ကြီးကလည်း အခင်းဖြစ်ရာကို လာစစ်ဆေးခဲ့ပါတယ်။ မျက်နှာဖုံး တပ်ထားတဲ့ သံသယရှိသူက လက်ဆွဲအိတ်တလုံးကို ပေါင်မုန့်ဆိုင် အပြင်ဘက်မှာ ချထားခဲ့တာကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားခဲ့တာပါ။ သူထွက်သွားပြီး မကြာခင် ပေါက်ကွဲမှု ကြောင့် ဆိုင်ရှေ့က လမ်းသွားလမ်းလာတွေအပေး သံစတွေ မိုးရွာသလို ရွာကျခဲ့ပါတယ်။ ပေါက်ကွဲတဲ့နေရာဟာ မြို့ရဲ့ အဓိက ဘူတာနဲ့ နီးတယ်လို့ ရဲတွေက ပြောပါတယ်။ ပြင်သစ် နိုင်ငံတလွှား အများပြည်သူဆိုင်ရာ နေရာတွေနဲ့ ပွဲကျင်းပရာ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့ ရဲတပ်ဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။
2 years Ago

December 24, 2018

ဆန္ဒပြလူအုပ်ကို သေနတ်ဖြင့်ချိန်ခဲ့သည့် ပြင်သစ်ရဲ ရုပ်သံ ပျံ့နှံ့

ပြင်သစ်မြို့တော် ပါရီက ရှောင်ဇေလီဇေ ရိပ်သာလမ်းပေါ်မှာ ဝတ်စုံဝါဝတ်ထားတဲ့ ဆန္ဒပြသူ လူအုပ်တအုပ်ကို ပြင်သစ်ရဲတယောက်က သေနတ်နဲ့ချိန်ခဲ့တဲ့ ရုပ်သံဖိုင်တခုကို နိုင်ငံတကာ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ ဒီဇင်ဘာ ၂၂ ရက်ညက ဒီဖြစ်ရပ်ကို အလွတ်တန်းသတင်းထောက် တယောက်က ရိုက်ကူးခဲ့တာပါ။ ရဲဆိုင်ကယ်ကို လူတယောက်က မြေပေါ်လှဲပစ်ဖို့ ကြိုးစားပြီး ဆန္ဒပြအုပ်စုတခုက သူ့ဆီ ချဉ်းကပ်လာချိန်မှာ ရဲက သေနတ်ထုတ်ပြီး ဆွဲချိန်ခဲ့တာ ဖြစ်ပါတယ်။ ပါရီမြို့တော်မှာ အရင်သီတင်းပတ်နဲ့စာရင် ဆန္ဒပြသူ အရေအတွက် လျော့နည်းလာနေပါတယ်။ ရဲတွေက ဆန္ဒပြသူ ၁၀၉ ယောက်ကို ဖမ်းခဲ့ပြီး ၇ ယောက်ကို ထိန်းသိမ်းထားဆဲပါ။ လွန်ခဲ့တဲ့ ၃ ပတ်ကတော့ ပါရီမြို့တွင်း ဆန္ဒပြပွဲတွေဟာ ၁၉၆၈ နောက်ပိုင်း အဆိုးဆုံး မတည်ငြိမ်မှု ဖြစ်ခဲ့ပါတယ်။ ကားတွေ မီးရှို့ခံရပြီး ဘဏ်တွေနဲ့ အာမခံကုမ္ပဏီရုံးတွေရဲ့ ပြတင်းမှန်တွေ အခွဲခံရကာ လမ်းပေါ်က ပရိဘောဂတွေလည်း လက်သရမ်းဖျက်ဆီးတာ ခံခဲ့ရပါတယ်။
2 years Ago
More News
Up