မြောက်ကိုရီးယားပြော

December 25, 2017

ကုလအရေးယူပိတ်ဆို့မှု စစ်မက်ပြုခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ပြုလုပ်လိုက်တဲ့ နောက်ဆုံး အရေးယူ ပိတ်ဆို့မှုတွေဟာ စစ်မက်ပြုတာဖြစ်ပြီး နိုင်ငံ့စီးပွားရေးကို လုံးဝပိတ်ဆို့တဲ့ သဘောသက်ရောက်တယ်လို့ မြောက်ကိုရိးယား နိုင်ငံခြားရေးဝန်ကြီးဌာနက  ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ တညီတညွတ်တည်း သဘောတူခဲ့ပါတယ်။ အဲဒီဒဏ်ခတ်မှုမှာ သန့်စင်ပြီး ရေနံထွက်ကုန်ပစ္စည်း၊ ရေနံစိမ်းနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ ဝင်ငွေအပေါ် ကန့်သတ်တာတွေ ပါဝင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အဆိုပါ အရေးယူဒဏ်ခတ်မှုတွေဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ထိပါးပြီး ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးကို ချိုးဖောက်တဲ့ စစ်မက်ပြုမှု ဖြစ်တယ်လို့ ဆိုလိုက်ကြောင်း နိုင်ငံပိုင်  KRT သတင်းဌာနကို ကိုးကားလျက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

November 12, 2017

အမေရိကန်သမ္မတ စစ်ပွဲတောင်းနေဟု မြောက်ကိုရီးယားပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ  စစ်ပွဲတောင်းနေတာလို့ မြောက်ကိုရီးယားက နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်လိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ပထမဆုံးအာရှခရီးစဉ်မှာ သူဟာ အဖျက်သမားဆိုတာကို ပြသနေတာဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်အတွက် စစ်ပွဲတောင်းနေတာလည်း ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ကို KRT ရုပ်မြင်သံကြားမှာ ဖတ်ကြားကြေညာသွားတာပါ။ “ထရမ့်ရဲ့ မိမိတို့ဒေသဝန်းကျင်ကို လာရောက်တဲ့ အခုခရီးစဉ်ဟာ စစ်ကုန်သည်တစ်ယောက်ရဲ့ စီးပွားရေးလုပ်ငန်းဆိုတာထက် ဘာမှ မပိုပါဘူး။ သူ့မဟာမိတ်တွေရဲ အိတ်ကတ်ထဲကငွေတွေကို သူ့စစ်အာဏာရှင်စနစ်ရဲ့ လောဘအိုးထဲကို ဖြည့်ပေးတယ်ဆိုတာထက်မပိုပါဘူး။ နောက်ပြီး မိမိတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ရည်ရွယ်တဲ့ နျူကလီးယားအဟန့်အတားကို ဖယ်ရှားဖို့ ကြိုးပမ်းတာသာဖြစ်တယ်။” လို့ ပြောကြားသွားတာပါ။ “ဒီခရီးစဉ်အတွင်း ထရမ့်ဟာ မိမိတို့ ကိုရီးယားကျွန်းဆွယ် ပြိုကွဲသွားအောင် စစ်ပွဲတောင်းနေတာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးနေတဲ့ သူ့ရဲ့ စရိုက်သဘာဝတွေကို ဒီခရီးစဉ်အတွင်းမှာ  ပြသသွားတာပါ” လို့ KRT ရုပ်သံကကြေညာသွားတာဖြစ်ပါတယ်။ အခုနှစ် စက်တင်ဘာလတွင်းက မြောက်ကိုရီးယားခေါင်းဆောင်ဟာ “စစ်ပွဲတောင်း” နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေ ကပြောကြားဖူးပါတယ်။ အခု မြောက်ကိုရီးယားက ဒေါ်နယ်ထရမ့်ကို အဲဒီစကားလုံးအတိုင်း ပြန်လည်တိုက်ခိုက်လိုက်တာလည်းဖြစ်ပါတယ်။
3 years Ago
More News
Up