မြောက်ကိုရီးယားစစ်တပ် စစ်ရေးလေ့ကျင့်မှု ကင်ဂျုံအန်း စစ်ဆေး (ရုပ်သံ)

March 20, 2016

မြောက်ကိုရီးယားစစ်တပ် စစ်ရေးလေ့ကျင့်မှု ကင်ဂျုံအန်း စစ်ဆေး (ရုပ်သံ)

မြောက်ကိုရီးယားတပ်တွေ စစ်ရေးလေ့ကျင်နေတာကို ခေါင်းဆောင် ကင်ဂျုံအန်းက စစ်ဆေးနေပုံ နိုင်ငံပိုင် ရုပ်သံ ကေအာတီက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။ သတင်းအရ ရေတပ်၊ လေတပ်နဲ့ အမြောက်တပ်ခွဲတွေရဲ့ စစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန်းက စစ်ဆေးတာလို့ ဆိုပါတယ်။ ကင်ဂျုံအန်းနဲ့ အတူ စစ်ဘက်နဲ့ နိုင်ငံရေး ဘက်က အဆင့်မြင့် ခေါငးေ်ဆာင်တွေလည်း ခြံရံ လိုက်ပါတယ်လို့ ဆိုပါတယ်။ မတ် ၁၈ ရက်နေ့တုန်းကလည်း မြောက်ကိုရီယားဘက်က မြေပြင်ပစ် မစ်ဇိုင် ဒုံးကျည်တစင်းကို မိုင် ၅၀၀ အကွာ ပင်လယ် ရေပြင်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ မကြာခင်မှာလည်း နျူကလီးယား ထိပ်ဖူးတပ် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှုတွေကို ပြုလုပ်ဖို့ ရှိတယ်လို့ ကေအာတီ သတင်းကပဲ မတ်လ ၁၅ ရက်နေ့က ကြေညာထားပါတယ်။ ဇန်န၀ါရီလတုန်းက လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်ခဲ့သလို၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းကလည်း တာဝေးပစ် ဒုံးကျည် စမ်းခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလို စမ်းသပ်မှုတိုင်းဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်မှုအဖြစ် ဝေဖန်ခံရပါတယ်။
5 years Ago
Up