မြေငလျင်လှုပ်ခတ်

July 26, 2019

မိုးကောင်းမြို့တွင် အင်အား ၄.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဒီနေ့ မနက်ပိုင်းက အင်အား ၄.၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၇ နာရီ၊ ၄၄ မိနစ်၊ ၁၃ စက္ကန့်အချိန်က မိုးကောင်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၆၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago

April 21, 2019

ကလေးဝမြို့တွင် မြေငလျင်လှုပ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက  မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၃) နာရီ ၂၆ မိနစ် ၂၄ စက္ကန့် အချိန်မှာ ကလေးဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၃၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၂ ဒီဂရီ၊ အနက် ၅၇ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၃.၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up