မြေငလျင်လှုပ်

April 5, 2018

ဟုမ္မလင်းမြို့အနီးမြေငလျင်လှုပ်

မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီးမှာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မနေ့ညက လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၄ ရက် မြန်မာစံတော်ချိန် ၂၁နာရီ ၅၁ မိနစ်၂၃ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက် ၇၅ မိုင်လောက် ကွာဝေးတဲ့  မြန်မာနိုင်ငံ ပြည်တွင်း ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် ၂၃ မိုင်လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ်။
3 years Ago

April 3, 2018

တနိုင်းမြို့အနီး မြေငလျင်လှုပ်

ကချင်ပြည်နယ် တနိုင်းမြို့အနီးမှာ အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု မနေ့က လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဧပြီ ၂ ရက်၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၁၂ မိနစ်၊ ၁၃ စက္ကန့်အချိန်မှာ မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၈၁ မိုင်ခန့်ကွာတဲ့ မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၂၂ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၆.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၉၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။ ဓာတ်ပုံ- မိုးဇလ
3 years Ago
More News
Up