ခြေစမ်းပွဲ

July 18, 2019

မန်ချက်စတာယူနိုက်တက်က လိဒ်စ်အသင်းကို ၄ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံ)

လာမယ့် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နဲ့ မနေ့က ခြေစမ်းပွဲယှဉ်ပြိုင်ရာ မန်ချက်စတာယူနိုက်တက်က လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒါဟာ မန်ယူအသင်းအတွက် ဒုတိယမြောက် ခြေစမ်းပွဲဖြစ်ပြီး ပထမခြေစမ်းပွဲအဖြစ် သြစတြေးလျ အေလိဂ်ကလပ် ပါ့သ်ဂလိုရီနဲ့ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နည်းပြ ဆိုးလ်ရှားအတွက် ရာသီကြို ခြေစမ်းပွဲရလဒ်တွေက ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပထမပိုင်းမှာ ဂိုးသမားအဖြစ် ရိုမဲရိုး၊ နောက်တန်းမှာ ဝမ်ဘစ်ဆာကာ၊ ဘိုင်ယီ၊ လင်ဒီလော့ဖ်၊ ရိုဂျို၊ အလယ်တန်းမှာ ပေါ့ဂ်ဘာ၊ တွမ်မီနေး၊ မာတာ၊ ဂျိမ်းစ်၊ ဂရင်းဝုဒ်နဲ့ အထောင်တိုက်စစ်မှူးအဖြစ် ရက်ရှ်ဖို့ဒ်ကို အသုံးပြုခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ ကစားသမားတွေ လဲလှယ်အသုံးပြုခဲ့ပြီး မာရှယ်၊ မာတစ်၊ လင်ဂတ်၊ ပီရဲယားနဲ့ ကျန် လူငယ်ကစားသမား အများအပြား အသုံးပြုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လိဒ်စ်အသင်းအပေါ် ခြေစွမ်းအသာနဲ့ ကစားခဲ့ပြီး အနိုင်ဂိုးတွေကို ပွဲအစ ၇ မိနစ်မှာ ဂရင်းဝုဒ်၊ ၂၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်၊ ၅၁ မိနစ်မှာ ဖီးလ်ဂျုံးစ်နဲ့ ၆၉ မိနစ်မှာ ပယ်နယ်တီကတဆင့် မာရှယ်တို့က သွင်းယူပေးခဲ့ပါတယ်။
2 years Ago

June 12, 2019

ကျော်ကိုကို၏ သွင်းဂိုး ၂ ဂိုးဖြင့် မြန်မာအသင်းက စင်ကာပူကို အနိုင်ရ (ရုပ်သံ)

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ဇွန်လ ၁၁ ရက်က စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ရာဂျူလိုဗစ်အတွက် အဖွင့်လှပခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲအစ ၅ မိနစ်မှာပဲ တိုက်စစ်မှူး ကျော်ကိုကိုက အောင်သူရဲ့ ပေးပို့မှုကနေ အနီးကပ် ကန်သွင်းခဲ့လို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပွဲချိန် ၂၅ မိနစ်မှာ စင်ကာပူတိုက်စစ်မှူး ဂါဘရီယယ်ကွက်ခ်က ချေပဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ကျော်ကိုကိုကပဲ ဂိုးသမားနဲ့အတွေ့မှာ ကန်သွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ စင်ကာပူအသင်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ နောက်ခံလူတွေ အကောင်းဆုံးပုံစံနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ မြန်မာနည်းပြ မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိုဗစ်အတွက် လက်ရွေးစင်အသင်းနဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရခဲ့လို့ အဖွင့်လှခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
2 years Ago
More News
Up