အောင်ဇံရဲကင်း

March 13, 2017

အောင်ဇံရဲကင်းမှ လုယူခံခဲ့ရသည့် လက်နက်အချို့ပြန်လည်တွေ့ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဇံကျေးရွာရဲကင်းကနေ လုယူခံခဲ့ရတဲ့ လက်နက်တွေထဲက ဘီအေ ၉၄ အမျိုးအစား သေနတ် ၂လက်ကို ဘင်္ဂလားဒေ့ရှ် နယ်​စပ်အနီး ​ဝေလာ​တောင်​​ချောင်း​ဘေးမှာ ပြန်လည်​​တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၁၁ ရက်နေ့ ညနေက အောင်ဇံကျေးရွာရဲစခန်းမှာ မသင်္ကာဖွယ်တွေ့တဲ့ လူ ၅ ဦးကို ခေါ်ယူစစ်ဆေးနေတုန်း ရဲတပ်ဖွဲ့ဝင်တွေကို လုံးထွေးသတ်ပုတ်ပြီး သေနတ် ၃ လက် လုယူသွားခဲ့တာ ဖြစ်ပါတယ်။ မတ်​လ ၁၁ ရက်​​နေ့ ည​နေ ၅ နာရီမှာ ​ ​အောင်​ဇူနယ်​​မြေ ​ခေတ္တနယ်​​မြေမှူးနဲ့အဖွဲ့၊ ​အောင်​ဇံ​ကျေးရွာ ပြည်​သူ့စစ်​အဖွဲ့​ခေါင်း​ဆောင်​နဲ့အဖွဲ့တို့က ​သေနတ် ​လုယူထွက်​​ပြေးသွားတဲ့ လမ်း​ကြောင်းအတိုင်း လိုက်​လံရှင်းလင်းခဲ့ရာ နယ်​စပ်မိုင်​တိုင်​ ၄၂ အနီး ​ဝေလာ​တောင်​​ချောင်း ​ဘေးမှာ ဘီ​အေ- ၉၄(ကျည်​အိမ်​မပါ) ၂ လက်​ကို ပြန်​လည်​​တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မသင်္ကာသူ ၅ ဦးကို အောင်​ဇံရဲကင်းကို ​ခေါ်ပြီး ၎င်းတို့နဲ့အတူပါလာတဲ့ ဆာလာအိတ်၊ ကျောပိုးအိတ်​တွေကို စစ်​​ဆေးရာ ABCD ခလုတ်​ပါ Remote ၂၁ ခု ၊ ဆားကစ်​ပြား ၂၁၀ ပြား၊ ဝါယာကြိုး ၂ ပင်​ပါ ခလုတ်အမည်း ၃၂၅ ခု၊ တပ်​မ​တော်​အရာရှိသုံး​ ကော်​လံချပ်​အဝိုင်း ၆ စုံ၊ တပ်​မ​တော်​အခြားအဆင့်သုံး ​ကော်​လံချပ်​ ၁၂၀ စုံ၊ ​ကော်ဖြင့် ပြုလုပ်​ထားတဲ့ တပ်​မ​တော်​သုံး ဦးထုပ်​တံဆိပ်​ ၃၇ ခု၊ ​ဆေးဝါးနဲ့ ဘီယာဘူးတွေအပါအဝင်​ ပစ္စည်း ၂၇ မျိုးကို ရှာ​ဖွေ​တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး ​စုံစမ်း​ဖော်​ထုတ်​ချက်အရ ပြစ်​မှုကျူးလွန်​သူ ၅ ဦးအနက်​ ၂ ဦးမှာ မြန်​မာ-ဘင်္ဂလား​ဒေ့ရှ် နယ်​စပ်​မှတ်​တိုင်​ ၄၃ အနီး တဖက်​​နိုင်​ငံဘက်​ခြမ်းရှိ ​ကျေးရွာမှာ ​​နေထိုင်သူ ဒိုင်းနက်​လူမျိုးတွေဖြစ်ပြီး ကျန်​ ၃ ဦးမှာ​ ​မောင်​​တောမြို့ မြို့မဘုန်းကြီး​ကျောင်းမှာ ​နေထိုင်​တွေဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မတ်​ ၁၁ ရက်​ နံနက်​ ၉ နာရီခွဲလောက်ကလည်း ​ ​မောင်​​တောမြို့နယ်​ နယ်​​မြေ ၃ ​တောင်​ပြိုလက်​ဝဲ ၂ ရပ်​ကွက်​မှာ နယ်​​မြေလုံခြုံ​ရေးတပ်​ဖွဲ့ဝင်​တွေ လှည့်ကင်း​ဆောင်​ရွက်​စဉ် ​ဓားကြီးစား​ကျေးရွာ​နေ မသင်္ကာသူ မာမတ်​ဇူဘိုင်​ ၂၀ နှစ်ကို ​တွေ့ရှိ ဖမ်းဆီးထားတယ်လို့ အတိုင်ပင်ခံရုံးက သီးခြားသတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up