အေဂျက်ဇ်

March 6, 2019

ရီးရဲလ်ကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး အေဂျက်ဇ် ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ အေဂျက်ဇ်တို့ မနေ့ညကယှဉ်ပြိုင်ရာ အေဂျက်ဇ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က ရီးရဲလ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ အေဂျက်ဇ်အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာပါ။ ချန်ပီယံလိဂ် သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အတွက်တော့ ဒီရာသီမှာ ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အေဂျက်ဇ်အသင်းက ပွဲချိန် ၇ မိနစ်နဲ့ ၁၈ မိနစ်တွေမှာ နှစ်ဂိုးသွင်းပြီး ပထမပိုင်းမှာကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာရခဲ့ပေမယ့် အေဂျက်ဇ်ဂိုးသမားနဲ့ နောက်ခံလူတွေ အကောင်းဆုံး ကာကွယ်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် အစပိုင်းမှာ ရီးရဲလ်နောက်ခံလူ ဗာရန်းရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်သွားတဲ့အတွက်လည်း နစ်နာခဲ့ရပါတယ်။ အေဂျက်ဇ်အတွက် တတိယဂိုးနဲ့ စတုတ္ထဂိုးတွေကိုတော့ ပွဲချိန် ၆၂ မိနစ်နဲ့ ၇၂ မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။ ရီးရဲလ်အတွက် ချေပဂိုး နှစ်ဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ အဆန်စီယိုက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အေဂျက်ဇ်အတွက် ကိုယ်တိုင် တဂိုးသွင်းပေးခဲ့သလို နှစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ တိုက်စစ်မှူး တာဒစ်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
2 years Ago

January 10, 2019

အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ကို ဘာစီလိုနာ ခေါ်ယူနိုင်ရန် နီးစပ်နေ

ဘာစီလိုနာအသင်းဟာ အေဂျက်ဇ် ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ရှိ ဟော်လန်လက်ရွေးစင် ဒီဂျောင်အတွက် ဘာစီလိုနာအသင်းက ပေါင် ၆၇ သန်းပေးဖို့ ပြောဆိုထားပြီး အခုတပတ်အတွင်းမှာ အပြီးသတ် လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဂျောင်ဟာ ဟော်လန်အသင်းအတွက်လည်း ၅ ပွဲကစားထားပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီဂျောင်ကို မန်စီးတီး၊ ရီးရဲလ် စတဲ့ ထိပ်တန်းအသင်းတွေကလည်း ခေါ်ယူလိုနေတာကြောင့် ဘာစီလိုနာအသင်းက အပြောင်းအရွှေ့ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
2 years Ago
More News
Up